







၁. ၂. ၂၀၂၆
Written by Nyein Kyaw
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း အနိုင်ရရှိခဲ့သည့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅၆ ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၂၈/၂၀၂၆)ဖြင့် ယနေ့တွင် ကြေညာထားသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်၍ အပိုင်းလိုက်ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများက တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၉(ခ)နှင့်အညီ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်အရ ရန်ကုန်တိုင်းဒေသကြီး မဲအများဆုံးရသူအနိုင်ယူစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၁၇ ဦးလုံးအနိုင်ရရှိခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၁၈ ဦး၊ ပြည်သူ့ပါတီမှ ၆ ဦး၊ တိုင်းရင်းစည်းလုံးညီညွှတ်ရေးပါတီမှ ၄ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ၅ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)မှ ၃ ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦး၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီမှ ၂ ဦး အနိုင်ရရှိခဲ့သည်။
