
သက်တံ့
၃၁. ၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဖူးခက်ကျွန်းအပန်းဖြေစခန်းရှိ တုတ်တုတ်ယာဉ်ပေါ်တွင် အရှက်မဲ့စွာ မဖွယ်မရာပြုမူ လိင်ဆက်ဆံခဲ့သော ပြင်သစ်ခရီးသွားစုံတွဲကို ဖူးခတ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
အဆိုပါဗီဒီယိုဖိုင်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အွန်လိုင်း၌ ပျံ့နှံ့ခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံခြားသားခရီးသွားနှစ်ဦးသည် ပထုန်တောင်ကုန်း (Patong Hill) ကို ဖြတ်ကျော်မောင်းနှင်နေစဉ် တုတ်တုတ်ပေါ်၌ လိင်ဆက်ဆံနေသည့် မြင်ကွင်းများထွက်ပေါ်လာခဲ့သည်။ ယင်းလုပ်ရပ်သည် အပန်းဖြေကျွန်း၏ ပုံရိပ်ကို ထိခိုက်စေသည်ဟုဆိုကာ ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။
ကသူရဲစခန်း၏ ပြောကြားချက်အရ ဖူးခက်တွင် မှတ်ပုံတင်ထားသည့် တုတ်တုတ်ယာဉ်ပေါ်၌ ခရီးသွားနှစ်ဦးက အဝတ်အစားချွတ်၍ လိင်ဆက်ဆံမှု လုပ်ရပ်များ ပြုမူနေသည့် ဓာတ်ပုံနှင့် အချက်အလက်များကို စိုးရိမ်ပူပန်သော ပြည်သူတစ်ဦးထံမှ လက်ခံရရှိခဲ့ကြောင်း သိရသည်။ ထို့နောက် ရဲအရာရှိများသည် ယာဉ်မောင်းဖြစ်သူ ကစ်တီဆပ် ဖွန်ဘမ်ရွန်ကို စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းက ခရီးသွားများကို မောင်းခရိုင်၊ ရပ်ဆဒါရပ်ကွက်ရှိ ဟိုတယ်တစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖြေကြားခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ရဲတပ်ဖွဲ့သည် သံသယရှိသူ ပြင်သစ်နိုင်ငံသား Valentine Celine Johanne နှင့် Crouzier Wesley Franck တို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတို့အား စစ်ဆေးမေးမြန်းရန် ခေါ်ယူခဲ့ပြီး လူအများအပြားရှိသည့် နေရာတွင် ခန္ဓာကိုယ်အား ဖော်ထုတ်ပြသခြင်း သို့မဟုတ် ညစ်ညမ်းစွာ ပြုမူခြင်းဖြင့် မဖွယ်မရာသော လုပ်ရပ်ကျူးလွန်မှုဖြင့် အမှုဖွင့် အရေးယူခဲ့သည်။
၎င်းတို့နှစ်ဦးစလုံးသည် ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး အမှုကို အဆုံးသတ်နိုင်ရန် စစ်ဆေးနေစဉ်အတွင်း ဒဏ်ငွေပေးဆောင်ခွင့်ပြုရန် တောင်းဆိုခဲ့ကြသဖြင့် ရဲတပ်ဖွဲ့က ၎င်းတို့တစ်ဦးစီကို ဘတ် ၅,၀၀၀ စီ ဒဏ်ရိုက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Ref: Khaodsod
