




၃၁.၁.၂၀၂၆
Written by Nay Yaung Linn
ရွှေတိဂုံစေတီတော်တွင် (၁၈)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီ ၃၁ ရက်၊ ညနေ ၄ နာရီအချိန်တွင် အရှေ့ဘက်အောက်ပစ္စယာ ထန်းပင်ကုန်းကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါထမနဲထိုးပြိုင်ပွဲကို ရွှေတိဂုံစေတီတော်ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ အခွန်ထမ်းများ၊ မိတ်ဖက်အသင်းများနှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး ဌာနများပါဝင်သော အသင်း ၃၆ သင်းတို့ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။





ထိုနောက် ဖေဖော်ဝါရီ ၁ ရက်(တပို့တွဲလပြည့်နေ့) နံနက် ၅ နာရီတွင် ဧည့်ခံတန်ဆောင်းနှင့် ရွှေစေတီတန်ဆောင်း၌ ထမနဲဆွမ်းတော်ကြီးကပ်လှူခြင်း၊ သြဝါဒပါတိမောက်အခါတော်နေ့ အခမ်းအနား ကျင်းပခြင်း၊ နံနက် ၅ နာရီခွဲတွင် သံဃာတော် ၆၄ ပါးတို့အား အရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ နံနက် ၆ နာရီတွင် ဘုရားအမှူးပြုသော သံဃာတော် ၆၄ ပါးတို့အား ထမနဲဆွမ်းတော်ကြီးနှင့် ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ နံနက် ၇ နာရီတွင် ချမ်းသာကြီးတန်ဆောင်း၌ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အမျှပေးဝေခြင်းစသည်ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း သိရသည်။
