၃၁. ၁. ၂၀၂၆
Photo Essay – Nay Yaung Linn
၁၉၀၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှာ စတင်တည်ဆောက်ခဲ့တဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဟာ ၂၀၂၆ ဇန်နဝါရီ ၂၅ ရက်မှာတော့ နှစ်ပေါင်း ၁၂၀ သက်တမ်းရောက်ရှိလာခဲ့ပါပြီ။

ဒါအပြင် ရန်ကုန်တိရစ္ဆာဥယျာဉ်ဟာ အရှေ့တောင်အာရှရဲ့ သက်တမ်းအရှည်ကြာဆုံးတိရစ္ဆာန်ဥယျာဉ်အဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။
နှစ်ပေါင်း ၁၂၀ သက်တမ်းရှိပြီဖြစ်တဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ပြကွက်ပေါင်း(၅၈)ကွက်နဲ့ ပြသထားပြီး အကောင်ဦးရေ စုစုပေါင်း (၁၄၂၁) ခန့် ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ထားတာဖြစ်လို့ သက်ရှိကမ္ဘာငယ်လေးလို့ ပြောနိုင်ပြီး ဒီတိရစ္ဆာန် ကမ္ဘာငယ်လေးထဲက ပုံရိပ်များကို ရိုက်ကူးဖော်ပြလိုက်ရပါတယ်။












