



၂၅. ၁. ၂၀၂၆
Photo by Nyein Kyaw
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့တွင် ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် စက်မှုဇုန်အတွက် စက်မှုလက်မှုရပ်ကွက်ရှိ အ.မ.က (၁၆) ကျောင်းဝန်းအတွင်း မဲရုံတစ်ရုံဖွင့်လှစ်ပေးထားသည်။
အဆိုပါမဲရုံအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁၃၇ ဦးရှိပြီး ကြိုတင်မဲပေးသူ ၁၀၀ ဦးရှိကြောင်း သိရသည်။

ရွေးကောက်ပွဲ အပိုင်း (၃) ကို နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၆၃ ခု၌ ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ခနောင်တို၊ဒလ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ လှိုင်သာယာ (အနောက်ပ်ိုင်း)၊ လှိုင်သာယာ ( အရှေ့ပိုင်း) စသည့် ၁၇ မြို့နယ်တွင် ကျင်းပနေခြင်းဖြစ်သည်။





