




၂၅.၁.၂၀၂၆
Written by Nay Yaung Lin
၂၀၂၅ ရွေးကောက်ပွဲ အပိုင်း(၃)တွင် ပါဝင်သည့် လမ်းမတော်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ ဆန္ဒမဲပေးရုံ (၂) ကို ယနေ့ နံနက် ၆ နာရီတွင် စတင်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် လမ်းမတော်နေ ပြည်သူများက မဲရုံစတင်ဖွင့်လှစ်ကတည်းက ဆန္ဒမဲလာရောက်ပေးလျက်ရှ်ိသည်။





၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃)တွင် ရန်ကုန်တိုင်းဒေသကြီး၌ ၁၇ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး နံနက် ၆ နာရီတွင် မဲရုံများစတင်ဖွင့်လှစ်ကာ ဆန္ဒမဲပေးနိုင်မည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ရွေးကောက်ပွဲကျင်းပမည့် ၁၇ မြို့နယ်မှာ ဒဂုံ ၊ လမ်းမတော် ၊ ဆိပ်ကြီး/ခနောင်တို ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ၊ မင်္ဂလာတောင်ညွန့် ၊ သာကေတ ၊ ရန်ကုန် ၊ မြောက်ဥက္ကလာပ ၊ တာမွေ ၊ ရန်ကင်း ၊ ကျောက်တန်း ၊ ခရမ်း ၊ သုံးခွ ၊ စမ်းချောင်း ၊ လှိုင်သာယာ(အနောက်ပိုင်း) ၊ လှိုင်သာယာ(အရှေ့ပိုင်း) တို့ဖြစ်ကြောင်း သိရသည်။
