◾️ EAOs များအနေဖြင့် စတင်ရပ်တည်ကတည်းက မူးယစ်ဆေးဝါးကို စီးပွားရေးလုပ်ငန်းတစ်ရပ်အဖြစ် လုပ်ကိုင်ရပ်တည်ခဲ့ကြသကဲ့သို့ ယခုအထိလည်း လုပ်ကိုင်နေကြဆဲဖြစ်ဟုပါ ပြောကြား






၂၄. ၁. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်မှု တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့် ဖိဖိစီးစီးစဉ်ဆက်မပြတ် ဆောင်ရွက်နေကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို၊ အနီးစခန်း၌ ပြုလုပ်ခဲ့သည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံး သိမ်းဆည်းရမိမှုနှင့် ပတ်သက်သည့် ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးကို လူညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါး စတင်ရောက်ရှိခဲ့သည့် နောက်ခံသမိုင်းကြောင်းဆိုင်ရာများနှင့် ဘိန်းစစ်ဆင်ရေး၊ မူးယစ်ဆေးဝါးစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ EAOs များအနေဖြင့် စတင်ရပ်တည်ကတည်းက မူးယစ်ဆေးဝါးကို စီးပွားရေးလုပ်ငန်းတစ်ရပ်အဖြစ် လုပ်ကိုင်ရပ်တည်ခဲ့ကြသကဲ့သို့ ယခုအထိလည်း လုပ်ကိုင်နေကြဆဲဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။





မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်မှု တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့်ဖိဖိစီးစီး စဉ်ဆက်မပြတ်ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
Problem of Drug and Drug Problem of People ဟူသည့်အတိုင်း ဆေးဝါးသည် လူသားမျိုးနွယ်တစ်ခုလုံး ရင်ဆိုင်နေရသည့်ပြဿနာဖြစ်သည့်အတွက် အစိုးရအတွက် အခြေခံကျသည့် သတင်းအရင်းအမြစ်များဖြစ်သည့် ဒေသခံတိုင်းရင်းသားများ၊ မီဒီယာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ NGO များ၊ ဒေသခံစီးပွားရေးသမားများနှင့် အခြားသော လူမှုအဖွဲ့အစည်းများအားလုံးအနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်သတင်းများရရှိပါက တာဝန်ရှိသူများထံ အချိန်မီသတင်းပေးပို့ကြရန်၊ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင်ပတ်သက်လျက်ရှိသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေနိုင်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို နိုင်ငံအတွင်း၌ရှိသည့် ရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ်များ ကို အသုံးပြုပြီး ပြည်သူလူထုနှင့်ပူးပေါင်းကာ ထိရောက်ပြင်းထန်စွာ ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း တက်တက်ကြွကြွ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
