





၂၄.၁.၂၀၂၆
Written by Nyein Kyaw
ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်နှင့် သီပေါမြို့နယ်များအတွင်း ထပ်မံဖမ်းမိသည့် မူးယစ်ဆေးဝါးထုတ်လုပ်ရေးနှင့် ဆက်စပ်ဖမ်းမိသည့် နေရာ ၅ ခုနှင့် ဆက်စပ်နေရာများအား ယနေ့တွင် နိုင်ငံတကာသံတမန်များနှင့် ပြည်တွင်းပြည်ပ မီဒီယာများအား သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ဦးဆောင်၍ လိုက်လံရှင်းပြသည်။
မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံး သိမ်းဆည်းရမိမှုနှင့် ပတ်သက်သည့် ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲကို သတင်းစာရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ အနီးစခန်း၌ ပြုလုပ်ခဲ့သည်။







ဇန်နဝါရီ ၁၄ ရက်တွင် ပထမအကြိမ် လိုက်လံရှင်းလင်းပြသခဲ့သည့် နေရာသုံးခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်က ပြောကြားသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတကာသံတမန်မျာ၊ စစ်သံမှူးများ၊ ပြည်တွင်းပြည်ပ မီဒီယာများ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနားပြီးဆုံးပြီးနောက် နိုင်ငံတကာသံတမန်များ၊ စစ်သံမှူးများ၊ ပြည်တွင်းပြည်ပ မီဒီယာများအား မူးယစ်ဆေးဝါးဖမ်းမိသည့် နေရာများသို့ လိုက်လံရှင်းပြခဲ့ခြင်းဖြစ်သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြိုနယ်နှင့် မိုင်းရယ်မြိုနယ်တို့အတွင်း ဖော်ထုတ်ရှင်းလင်းခဲ့မှုများအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ဇန်နလက်ရှိအချိန်အထိအထိ အဆိုပါဒေသအတွင်း မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာ ၁၄ ခုနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှု ပြုလုပ်သည့်နေရာဟု ယူဆရသည့်နေရာ ၂ ခုတို့ကို ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။
