၂၀.၁.၂၀၂၆
Written By Thandar
နယ်စပ်ဒေသဘက် ပညာရေးကို ပုံဖော်ထားတဲ့ “ပန်းခင်းထဲက ပျိုးသောပန်း”ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Premiere Show ပွဲကို ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်ရဲ့ ပထမဦးဆုံးရိုက်ကူးထားတဲ့ကားမို့ ရုံတင်ပြီးမှပဲ စိတ်ချရမှာပေါ့။ ညတွေ အိပ်မပျော်တာ နှစ်နစ်လောက်ရှိပြီ။ အိပ်မပျော်တာက ဒီကားကို စိတ်ပူလို့ပါ။ အကြိမ်ကြိမ်အခါခါ ပြန်ပြီး စိစစ်လိုက်နဲ့ ပြန်ပြီးပြင်ဆင်ရတာ ကြာသွားတယ်။ နှစ်နစ်ကျော်လောက်ရှိပြီ။ အရမ်းကို ရင်ခုန်နေပါတယ်။ ပရိသတ်တွေလည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ ဒီကားက နယ်စပ်ဒေသမှာ ပညာမတတ်တဲ့ကလေးတွေ ပညာတတ်စေချင်တဲ့ ဆန္ဒနဲ့ အရမ်းဆင်းရဲတဲ့ မိဘတွေက ကိုယ့်သားသမီးကို ပညာတတ်ဖြစ်စေချင်တာပဲလေ။ စာသင်ခန်းဆိုတာ စာသင်ရုံတင်မကဘဲ ဘဝတွေကို ပြောင်းလဲပေးတဲ့နေရာကို ရိုက်ကူးချပြထားပါတယ်”လို့ သရုပ်ဆောင် ဒါရိုက်တာသာထက်က ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဇာတ်ညွှန်း ဒါရိုက်တာသာထက်က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ အောင်လေး၊ သူထူးစံ၊ သျှင်းမြတ်၊ အိစိကွေး၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ခိုင်နှင်းဝေ၊ မေသဉ္ဇာဦး၊ လင်းလက်ခွန်းချို စတဲ့သူတွေအပြင် ကလေးသရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။
“ပန်းခင်းထဲကပျိုးသောပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇန်နဝါရီ ၂၃ ရက်မှာ မြန်မာတပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
