




၁၉.၁.၂၀၂၆
Written By Thandar
၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကို ပွဲတက်ရောက်လာတဲ့ မြန်မာ့ရုပ်ရှင် အနုပညာရှင်လေးဦးကိုFashion Award ဆုပေးအပ်သွားမှာဖြစ်ရာခန္ဓာကိုယ်အသားပေးချုပ်လုပ်ထားတဲ့ဝတ်စုံမျိုးလုံးဝမဖြစ်စေဖို့ သတိပေးလာပါတယ်။
“Myanmar Academy Fastion Award /မြန်မာ့အကယ်ဒမီဖက်ရှင်ဆု” ကို ဒီဇိုင်နာတွေအနေနဲ့ လူတကာငေး၊ မြင်သူတိုင်းနှစ်သက်၊ အဆင်ဒီဇိုင်းဆန်းသစ်ပြီး ကာလာလိုက်ဖက်မှုရှိနေတဲ့ဝတ်စုံဖြစ်ရပါမယ်။
သတ်မှတ်ချက်များကတော့ ဆန်းသစ်တီထွင်ထားတဲ့ မြန်မာဝတ်စုံဖြစ်ရမယ်။ မြန်မာ့ယဉ်ကျေးမှုစံချိန်နဲ့အညီချုပ်လုပ်ထားသော ဝတ်စုံဖြစ်ရမယ်။ မြန်မာတိုင်းရင်းသားရိုးရာဝတ်စုံနဲ့ ဝတ်ဆင် ပွဲတက်မယ်ဆိုရင် ကိုယ်ဝတ်မယ့်တိုင်းရင်းသားရိုးရာဝတ်စုံအပြည့်ဖြစ်နေရပါမယ်။ ဥပမာ- တိုင်းရင်းသားဝတ်စုံနဲ့ ဖိနပ်လိုက်ဖက်မှုရှိတာမျိုးကို ဆိုလိုတာပါ။ ပေါင်ပေါ် ဒူးပေါ် မဖြစ်ဘဲ တိုင်းရင်းသားရိုးရာဝတ်စုံပြည့် အစစ်အမှန် ဖြစ်ဖို့ လိုအပ်ပါတယ်။ အထူးသတိပြုရမှာက တက်ရောက်လာတဲ့အနုပညာရှင်တွေအနေနဲ့ ခန္ဓာကိုယ်အသားပေးချုပ်လုပ်ထားတဲ့ဝတ်စုံမျိုး လုံးဝမဖြစ်စေချင်ပါဘူး”လို့ Myanmar Academy Fastion Award ဆုရွေးချယ်ရေးအဖွဲ့က တာဝန်ရှိသူက MT Entertainment ကိုပြောပါတယ်။
အဆိုပါ “Myanmar Academy Fastion Award/ မြန်မာ့အကယ်ဒမီဖက်ရှင်ဆု” တွေကတော့ အကောင်းဆုံးအမျိုးသားဝတ်စားဆင်ယင်မှုအကြီးတန်းဆု၊ အကောင်းဆုံးအမျိုးသမီးဝတ်စားဆင်ယင်မှုအကြီးတန်းဆု၊ အကောင်းဆုံး ဝတ်စားဆင်ယင်မှုအမျိုးသားဆု၊ အကောင်းဆုံးဝတ်စားဆင်ယင်မှုအမျိုးသမီးဆု စတဲ့ဆုလေးဆုကို ပေးအပ်သွားမှာဖြစ်ပါတယ်။
Fashion Award ဆုနဲ့ပတ်သက်ပြီး (Like, Love) React ပေးသူများကိုသာ Count လုပ်သွားမှာဖြစ်ပြီး (Angry, Sad) React ပေးသူများကိုUncount လုပ်သွားမှာဖြစ်ပါတယ်လို့ သိရပါတယ်။
ဒီဆုရရှိတဲ့သူများကိုတော့ ဖေဖော်ဝါရီလ ၇ ရက် ည ၇ နာရီတိတိမှာ အကဲဖြတ်ဒိုင်လူကြီးတွေက အကုန်လုံးအမှတ်ပေါင်းပြီး ဆုပေးမှာဖြစ်တဲ့အတွက် ပွဲတက်ရောက်လာကြတဲ့ အနုပညာတွေက ညနေ ၅ နာရီခွဲ နောက်ဆုံးထား တက်ရောက်ပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။
“ကျွန်တော်တို့အနေနဲ့ မနှစ်ကဆိုရင် ပွဲတက်ရောက်လာတဲ့ အနုပညာရှင်တို့ရဲ့ ပွဲတက်ဖက်ရှင်အတော်များများကို အမှတ်ပေးအကဲဖြတ်ဘုတ်အဖွဲ့မှ နှစ်သက်ပြီးဆုပေးချင်ပေမဲ့ အမှတ်ပေးလို့ရတဲ့အချိန် ကျော်လွန်သွားတာကြောင့် ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် အခုလာမယ့်မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို အချိန်စောစွာ တက်ရောက်ပေးဖို့ အနုပညာရှင်များအားလုံးကို တောင်းဆိုချင်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။
Fashion Award ဆုအနေနဲ့အငြင်းပွားမှုတစ်စုံတစ်ရာရှိပါက တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ကို အတည်ယူမှာဖြစ်တယ်လို့ သိရပါတယ်။
