၂၂. ၂. ၂၀၂၃

Written by Thettant

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၆ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၆၅ သိန်းနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၆ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပုံတပ် ကျေးရွာရှိ ဦးအားချာ ၏ နွားမွေးမြူရေးခြံကို သတင်းအရရှာဖွေရာ ခြံစောင့်လုပ်သား မအားချာ နှင့် မနာထီး တို့ ၂ ဦး အား ၁၂ ဗို့ ပြောင်းချောသေနတ် ၁ လက်၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေ ၁၀၀ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ည ၇ နာရီအချိန် မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပါဟိုးကျေးရွာရှိ နွားခြံပိုင်ရှင် ဦးအားချာ ၏ နေအိမ်ကို ဆက်လက်ရှာဖွေရာနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်း၊ ပွိုင့် ၂၂ သေနတ် ၄ လက်၊ M-16 သေနတ် ၁ လက်၊ ၁၂ ဗို့ ပြောင်းချောသေနတ် ၁ လက်၊ ကျည်အိမ် ၁၆ ခု၊ ကျည်မျိုးစုံ ၂၇ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *