

၁၈.၁.၂၀၂၆
Written By Thandar
နေပြည်တော်က အလှအပ၊ အရည်အချင်းနဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုနိုင်မယ့် ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတွေကို Miss Universe Naypyitaw 2026 ပြိုင်ပွဲကြီးအတွက် လျှောက်လွှာတွေ ခေါ်ယူနေလျက်ရှိပါတယ်။
Miss Universe Naypyitaw က နေပြည်တော်မြို့ရဲ့ ယဉ်ကျေးမှု၊ အလှအပနဲ့ လူငယ်အမျိုးသမီးတွေရဲ့ အရည်အချင်းတွေကို Miss Universe Myanmar 2026 မှာ နိုင်ငံတကာကို ကိုယ်စားပြုနိုင်မယ့် အကောင်းဆုံး မြို့အသီးသီးရဲ့ ကိုယ်စားပြု အလှမယ်တွေကို ရွေးချယ်ပေးဖို့ ခေါ်ယူနေတာလည်းဖြစ်ပါတယ်။
ဒီပြိုင်ပွဲကိုလျှောက်လိုသူတွေအနေနဲ့ အရပ်အနည်းဆုံး ၅ ပေ ၆ လက်မရှိပြီး Advocacy Project အနည်းဆုံး ၁ ခု ရှိရမှာဖြစ်ပါတယ်။ Advocacy Project မရှိပါက Crown ရရှိပြီးနောက် City Director နဲ့တိုင်ပင်ပြီး စတင် ဆောင်ရွက်ရမှာပါ။ ဒါ့ပြင် အခြေခံ Catwalk Skill ရှိရမယ်။ ကိုယ်ကျင့်တရား ကောင်းမွန်ရမှာဖြစ်ပေမယ့် အသက်အရွယ် ကန့်သတ်ချက် မရှိပါဘူး။ ဒါ့အပြင် Transgender များလည်း လျှောက်ထားနိုင်တာဖြစ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ပြီး ယဉ်ကျေးမှု၊ ဂုဏ်သိက္ခာကို လေးစားသူ၊ လူမှုရေးလုပ်ငန်းတွေမှာ စိတ်ဝင်စားပြီး နိုင်ငံတကာ ပြိုင်ပွဲကို ကိုယ်စားပြုလိုသူတွေ လျှောက်ထားနိုင်ပါတယ်။
လျှောက်ထားလိုသူတွေက ကိုယ်ရေးအချက်အလက် အမည်၊ အသက်၊ အရပ်အမြင့်၊ အလေးချိန်၊ Headshot (မျက်နှာပုံ)နဲ့ Full Body Photo (ကိုယ်လုံးပုံ)၊ အတိုချုံး မိမိကိုယ်ရေးအကျဉ်း ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် / အီးမေးလ် / Facebook တို့နဲ့ Email: [email protected] Phone: 09970123938,09958850900 ကိုပေးပို့ရမှာလည်းဖြစ်ပါတယ်။
ရွေးချယ်ခံရတဲ့ ပြိုင်ပွဲဝင်တွေက Audition / Interview အဆင့်ဆင့် ဖိတ်ခေါ်ပြီး နေပြည်တော်မြို့ကို ကိုယ်စားပြုအနေနဲ့ Miss Universe Myanmar 2026 ပြိုင်ပွဲမှာဆက်လက်ယှဉ်ပြိုင်ပြီးတော့ Winner ဆုရရှိသူက နိုင်ငံတကာသို့ သွားရောက်ယဉ်ပြိုင်ရမယ့် အခွင့်အရေး ရရှိမှာလည်းဖြစ်ပါတယ်။
