


၁၇.၁.၂၀၂၆
Written by Thiri
ဆိုင်ကယ်အရှိန်လွန်တိမ်းမှောက်ရာက စီးနင်းမောင်းနှင်လာသူ အမျိုးသမီးကြီး နေရာတင်သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)ပရဟိတ ပါရမီ အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဇန်နဝါရီ လ (၁၇)ရက် နံနက် ၉ နာရီခွဲအချိန်ခန့်မှာ ပဲခူးတိုင်းဒေသကြီး – အနောက်ပိုင်း (ပြည်ခရိုင်)၊ပြည်မြို့၊ ပြည်-ပေါက်ခေါင်းလမ်း၊ နှောကုန်းရွာ PTU နည်းပညာတက္ကသိုလ်အနီးမှာ ဆိုင်ကယ် မတော်တဆမှုဖြစ်ပွားပြီး ဒဏ်ရာရလူနာရှိကြောင်း တာဝန်သိပြည်သူတွေက အကြောင်းကြားလာလို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတပါရမီကသွားရောက်ကူညီစဉ် အခင်းဖြစ်နေရာအရောက် ဆိုင်ကယ်တစ်စီးထဲတိမ်းမှောက်နေတာဖြစ်ပြီး ပြင်းထန်ဒဏ်ရာရရှိထားတဲ့ အမျိုးသမီးလူနာမှာ ဦးခေါင်းကွဲတဲ့ဒဏ်ရာနဲ့ သေဆုံးနေခဲ့ပြီလို့ သိရပါတယ်။
အသင်းအနေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေထံ ဆက်သွယ်အကြောင်းကြားကာ တာဝန်ရှိသူတွေရဲ့ ရဲလုပ်ငန်းစဉ်ဆိုင်ရာဆောင်ရွက်မှုတွေအပြီး သေဆုံးသူရဲ့ ကိုယ်ပေါ်မှာ လက်၀တ်ရတနာနဲ့ ငွေသားအပါအဝင် တန်ဖိုးရှိပစ္စည်းတွေကို သက်သေတွေ ရှေ့မှောက်မှာ မိသားစုထံမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတ ပါရမီအသင်းက အပ်နှံပေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ သေဆုံးသူရဲ့ ရုပ်အလောင်းကို ပြည်ခုတင် (၅၀၀) ဆေးရုံဆီ လူမှုကူညီရေးအသင်းယာဉ်နဲ့ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။
