




၁၇.၁.၂၀၂၆
Photo – Linn Eain
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်ရှိ ပီလခတ် စရီအန်ဂါလဲ အီ(စ်)၀ရီ-စရီ မဟာမူနီ(စ်)၀ရရ် ဟိန္ဒူဘုရားကျောင်း၏ ဟိန္ဒူရိုးရာနွားလွှတ်ပွဲကို ဇန်နဝါရီ ၁၇ ရက်၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်တွင်
စတင်ကျင်းပခဲ့ပြီး ၂ နာရီခွဲတွင် ပြီးဆုံးခဲ့သည်။
အဆိုပါနွားလွှတ်ပွဲကို နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိကြောင်း၊ နွားလွှတ်ပွဲတွင် နွားဦးခေါင်း၌ ဆုကြေးများပါဝင်သည့် ပုဝါများချည်ထားပြီး ရိုးရာနွားဖမ်းသူများက လက်ဗလာဖြင့် အဆိုပါပုဝါများကို လိုက်လံဖမ်းယူကြခြင်းဖြစ်သည်။







ယခုနှစ် ဟိန္ဒူရိုးရာနွားလွှတ်ပွဲတွင် ဘုရားကျောင်းများနွားများအပါအဝင် နွားကောင်ရေ ၁၀၀ ခန့်လွှတ်ခဲ့ပြီး ရိုးရာနွားဖမ်းသူ ၃၀၀ ခန့်ပါဝင်ဆင်နွှဲခဲ့ကာ လာရောက်အားပေးကြည့်ရူသူလည်း များပြားခဲ့သည်။
ပီလခတ်ဟိန္ဒူဘုရားကျောင်းကို လာရောက်သူများကို သက်သက်လွှတ်ထမင်းဟင်း နေ့စဉ်စတုဒိသာကျွေးလျက်ရှ်ိကြောင်း သိရသည်။
