၁၆. ၁ ၂၀၂၆
Written by Thiri
ဒီနေ့မနက် မွန်းမလွဲမီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်အပိုင် ပြည်လမ်းပေါ်မှာ အိမ်စီးကားတစ်စီးမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။
မီးလောင်ခဲ့တဲ့ ယာဉ်က Sinotruk အမျိုးအစား ယာဉ်လို့ သိရှိရပြီး မရမ်းကုန်းမြို့နယ် တရားရုံးအနီးမှာ မနက် ၁၁ နာရီ ၃၅ မိနစ်ခန့်ကဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
မီးလောင်မှု ဖြစ်ပွားတဲ့သတင်းအရ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၄၈ မိနစ်အချိန်မှာ မီးထိန်းနိုင်ခဲ့ပြီး ၁၁ နာရီ ၅၀ မိနစ်အချိန်မှာ မီးငြိမ်းတယ်လို့ သိရပါတယ်။
မြေပြင်အပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းတစ်သင်းမှ တာဝန်ရှိသူက “ကားက ဂေါ့ဖ်ရိုက်ပြီး ပြန်လာတာတဲ့၊ တစ်စီးလုံးလောင်တာ။ သတင်းထွက်သလို EV မဟုတ်ပါဘူး ဆီကားပါ။ လောင်ရတဲ့ အကြောင်းအရင်းလည်း မသိရသေးပါဘူး။ ယာဉ်မောင်းပြောတာက ကားထဲမီးခိုးတွေ ပြည့်လာလို့ ထိုးရပ်ပြီး ဆင်းပြေးပြီး ခဏပဲတွင်းလောင်တာလို့ပဲ သိရပါတယ်။ လူထိခိုက်မှုမရှိပါဘူး။ တာဝန်ရှိသူတွေ ဆက်လက်ဆောင်ရွက်နေပါတယ်”လို့ MT News ကို ပြောပါတယ်။

