၁၆.၁.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တောင်ပိုင်းရှိ ဘူမိဘောတံတား (၂) တွင် ဇန်နဝါရီလ ၁၅ ရက် ည ၇ နာရီအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးက တံတားအောက်ဘက်ရှိ အမှိုက်ပုံများမှ စတင်လောင်ကျွမ်းခဲ့ပြီး ပိုလီသိုင်လင်း ရော်ဘာပိုက်များတစ်လျှောက် ပျံ့နှံ့လောင်ကျွမ်းခဲ့ရခြင်းဖြစ်သည်ဟု ယုံကြည်ရသည်။
တံတား၏ပိုင်တိုင်တစ်ခုမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဟု သိရပြီးအခြားသော ရော်ဘာ ရေနုတ်မြောင်းများသို့ ကူးစက်သွားကာ ပြင်းထန်သောမီးလောင်ကျွမ်းမှုကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။
မီးသတ်သမားများက ချက်ချင်းတုံ့ပြန်ခဲ့ကြသော်လည်း မီးသည် မြေပြင်အထက် မီတာ ၅၀ ကျော်ရှိ တံတားကုန်းပတ်အောက်သို့ ပျံ့နှံ့သွားသောကြောင့် ပုံမှန်မီးသတ်ကားတစ်စီး၏ ရေဖိအားနှင့် မရောက်ရှိနိုင်တော့ပဲ အပေါ်ပိုင်းမှ ရေဖြန်းရန်အတွက် မြင့်မားသော မီးသတ်ကားတစ်စင်းကို ခေါ်ယူခဲ့ရသည်။
မီးငြှိမ်းသတ်ရန် တစ်နာရီကျော်ကြာခဲ့တော်လည်း ကနဦးစစ်ဆေးမှုများအရ တံတားမှာ ဖွဲ့စည်းပုံဆိုင်ရာ ထိခိုက်ပျက်စီးမှုမရှိဘဲ အပြည့်အဝ လည်ပတ်နိုင်ဆဲဖြစ်ကြောင်းလည်း တွေ့ရသည်။
တံတား၏ ရေနုတ်မြောင်းပိုက်များတွင်သာ ပျက်စီးမှုရှိပြီး ဇန်နဝါရီလ ၁၆ ရက် နံနက်တွင် တံတားပေါ်မှ ယာဉ်များ ပုံမှန်အတိုင်း ဆက်လက်သွားလာနေကြောင်း သိရသည်။
Ref : Thairath


