၁၅.၁.၂၀၂၆
Translated by Htwe Ko Tun
ရုရှားနိုင်ငံက ဗြိတိန်သံတမန်တစ်ဦးကို သူလျှိုအဖြစ် စွပ်စွဲကာ နိုင်ငံမှ နှင်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
မော်စကိုမြို့ရှိ ရုရှားအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန်သံရုံးရှိ သံတမန်ဝန်ထမ်းတစ်ဦးဟာ ဗြိတိသျှလျှို့ဝှက်အေဂျင်စီနဲ့ ဆက်နွှယ်မှုနဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေ ရရှိခဲ့တယ်လို့လည်း ဇန်နဝါရီလ ၁၅ ရက်နံနက်မှာ ပြောကြားခဲ့ပါတယ်။
ဝန်ကြီးဌာနက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာမှာ ဗြိတိန်သံရုံးယာယီတာဝန်ခံ ဒါနေး ဒိုလာကီယာကို ဆင့်ခေါ်ပြီး ပြင်းထန်သော ကန့်ကွက်မှု ပြုလုပ်ခဲ့ကာ အဆိုပါ သံတမန်ဝန်ထမ်းကို ရုရှားနိုင်ငံမှ နှင်ထုတ်ခဲ့တာကို အသိပေးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်ကို မည်သူမည်ဝါဖြစ်တယ်လို မဖော်ပြခဲ့ပေမယ့် သူဟာ နှစ်ပတ်အတွင်း ရုရှားမှ ထွက်ခွာရမယ်လို့ ပြောကြားခဲ့ပါတယ်။
ဝန်ကြီးဌာနက ရုရှားနိုင်ငံရှိ ကြေညာမထားတဲ့ ဗြိတိသျှထောက်လှမ်းရေးအရာရှိတွေရဲ့ လုပ်ဆောင်ချက်တွေကို သည်းခံမှာမဟုတ်လို့ ပြောကြားခဲ့ပြီး ဗြိတိန်အနေနဲ့ ဒီကိစ္စမှာအခြေအနေကို ပိုမိုဆိုးရွားစေမယ်ဆိုရင် ရုရှားဘက်က ပြတ်ပြတ်သားသား တုံ့ပြန်မယ်လို့ သတိပေးခဲ့ပါတယ်။
ရုရှားနဲ့ ယူကေ နှစ်နိုင်ငံစလုံးဟာ ယူကရိန်းစစ်ပွဲစတင်ကတည်းက နှစ်နိုင်ငံသံတမန်တွေကို ကိုယ့်နိုင်ငံတွေအတွင်းမှ အခါအားလျော်စွာ အပြန်အလှန် နှင်ထုတ်ခဲ့ကြပါတယ်။
Ref : Sky News
