ဖမ်းမိသည့် ကျွန်းသစ်ခွဲသားများကို တွေ့ရစဉ်

၂၁. ၂. ၂၀၂၃
Written by Naing Thuta

မန္တလေးမြို့တွင် တရားမဝင်ကျွန်းသစ်ခွဲသားများအား ယမန်နေ့ညဦးပိုင်းက သိမ်းဆည်းရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀၊ ည ၇ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၄၈ လမ်းနှင့် ၄၉လမ်းကြား၊ ၁၁၀(D)လမ်း၊ အကွက်အမှတ်၊ ဖဖ-၆/၇၂ ဝန်းအတွင်း ကျွန်းသစ်ခွဲသားတန်ဆိုတ်စုံ (စိစစ်ဆဲ)အား အောင်ပင်လယ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်နေစဉ်တွေ့ရှိခဲ့ကာ ခရိုင်သစ်တောရုံးသို့အကြောင်းကြားခဲ့ကြသည်။

ထို့အတွက် ခရိုင်သစ်တောရုံးမှ တောအုပ်ကြီး ဦးမြင့်ဝင်းနှင့်အဖွဲ့ ရောက်ရှိလာပြီး ၎င်းတရားမဝင်ကျွန်းသစ်တန်ဆိုတ်စုံအား ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၄)ရပ်ကွက်၊ ၁၁၂ လမ်းနှင့် ၆၂ လမ်းထောင့်ရှိ ခရိုင်သစ်တောဦးစီးဌာနရုံးဝန်းအတွင်းသို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် သိမ်းဆည်းရမိသည့် သစ်တန်ချိန်များအား တိုင်းတာခဲ့ကြပြီး သစ်တန်ချိန်/တန်ဖိုးနှင့်အတူ အမှုဖွင့်ဆောင်ရွက်မှုများပြုလုပ်ခဲ့ကာ တရားမဝင်လုပ်ကိုင်သူများကိုလည်း ဖမ်းဆီးရမိရေး လိုက်လံစုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *