လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ဓာတ်ပုံ

၂၁. ၂. ၂၀၂၃
Written By Hanni

ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်ခြူးလေးနဲ့ အမျိုးသားတစ်ဦး အနမ်းပေးနေတဲ့ရုပ်ပုံက လူမှုကွန်ရက်မှာ ဒီနေ့ကစပြီး ပျံ့နှံ့လာနေသလို ပရိသတ်စိတ်ဝင်စားမူမြင့်တက်နေပြီး ဝေဖန်မှုတွေလည်းရှိနေတာကြောင့် စိတ်တော်တော်ညစ်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့ရက်ပိုင်းမှာ ပင်လယ်ပြာပြာ မိုးပြာပြာဇာတ်ကားအတွက် ရွေးချယ်ခံထားရပြီး နာမည်ရှေ့ကနေမပါလို့ ဇာတ်ကားကနေ ဖယ်ထုတ်ခံထားရတဲ့ ခြူးလေးရဲ့ ပြည်ပနိုင်ငံတစ်ခုမှာ အမျိုးသားတစ်ဦးနဲ့ လက်တွဲပြီးလျှောက်နေတဲ့ပုံ၊ လူမြင်ကွင်းမှာ အနမ်းပေးနေပုံတွေက ဝေဖန်စရာဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။

“အခုလောလောဆယ်တော့ စိတ်တွေ အရမ်းညစ်နေလို့ အင်တာဗျူးဖြေဖို့လည်း အဆင်မပြေသေးလို့ပါ တောင်းပန်ပါတယ် ”လို့ သရုပ်ဆောင် ခြူးလေးရဲ့မန်နေဂျာက M T News Entertainment ရဲ့ ဆက်သွယ်မေးမြန်းမှုအပေါ် တုံ့ပြန်ပါတယ်။

ကနဦးသိရှိရတာက အဆိုပါအနမ်းပေးနေသူဟာ ပြည်တွင်းကလုပ်ငန်းရှင်တစ်ဦးကဖြစ်သလို အဲဒီအမျိုးသားဟာ အမွှာညီအစ်ကိုလို့လည်း ပြောနေကြပြီး တချို့ကလည်း အိမ်ထောင်သည်ဆိုပြီး ငြင်းခုန်နေကြသလို တွဲနေသူရဲ့ မိသားစုပုံမှာ လွယ်တဲ့အိတ်နဲ့ ခြူးလေးနဲ့လက်တွဲနေသူ လွယ်တဲ့အိတ်ဆင်တူဖြစ်နေတဲ့အပေါ်လည်း အငြင်းအခုန်ထပ်ဖြစ်နေကြပြီး “မိဘက နယ်ထွက်ပြီး ဇာတ်ကားရိုက်တာတောင် မလွှတ်ဖူးလို့ဆိုတဲ့ အဖြူစင်လေးဆိုပြီး အခုတော့”ဆိုပြီးတော့လည်း Comment တွေ တော်တော်များများတက်လာတာကို တွေ့ရသလို MT News Entertainment ကို ပြန်လည်ဖြေဆိုလာရင်လည်း ထပ်မံဖော်ပြပေးသွားပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *