နေမိုး
၁၃. ၁. ၂၀၂၆
နေအိမ်တွင်ရှိနေသော အမျိုးသားတစ်ဦးကို PDF သုံးဦးက လက်ပြန်ကြိုးတုပ်ဖမ်းဆီးပြီး ဖလောင်းမြောင်လျှိုအနီး သတ်ဖြတ်လိုက်ကြမှု နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ဖွဲကုန်းတဲစုကျေးရွာအနီး၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဇန်နဝါရီ ၈ ရက် မွန်းတည့် ၁၂ နာရီတွင် အဆိုပါကျေးရွာနေ ဦးသန်းစိုး(၄၇)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF သုံးဦး ရောက်ရှိလာပြီး အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ကျေးရွာအနီးရှိ ဒေသအခေါ် ဖလောင်းမြောင်လျှိုအရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
◾ ပြင်းထန်စွာ ရှုတ်ချခြင်း
