၁၂.၁.၂၀၂၅
Written by NYL
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းသည် ရွေးကောက်ပွဲ အပိုင်း(၂) တွင် အနိုင်ရရှိခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ စုံစမ်းသိရရှိသည်။
ထို့ပြင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပေါက်က်ခေါင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် စုစုပေါင်း လွှတ်တော်သုံးရပ်လုံးတွင် အနိုင်ရလဒ်ရရှိခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဆန္ဒမဲပေးပြီးနောက် မှင်စွန်းနေသည့် လက်သန်းကိုပြထားသည့် ဓာတ်ပုံဖြင့် မဲဆန္ဒရှင်များ တာဝန်ကျေခဲ့ပြီဖြစ်ကာ မိမိတို့လည်း ကျေပွန်စွာထမ်းဆောင်ကြမည်ဖြစ်ကြောင်း ရေးသား၍ ပို့စ်တင်ထားသည်။
“မည်သို့ပင်ဆိုစေ။ မဲဆန္ဒရှင်များ တာဝန်ကျေခဲ့ကြပါပြီ။၊၊ ကျွန်တော်တို့လည်း ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်ကြပါမည်” ဟု ဦးမျိုးဇော်သိမ်းက ပိုစ့်ရေးသားထားသည်။
အဆိုပါ ပိုစ့်အောက်တွင် ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်ကလည်း Congratulation ဟု ရေးသားထားသည်။
ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းသည် ပေါက်ခေါင်းမြို့နယ်သားတစ်ဦးဖြစ်သည်နှင့်အညီ ဆန္ဒမဲပေးခြင်းကို ယင်းမြို့နယ်၊ (၄) ရပ်ကွက်ရှိ အမှတ်(၁) မဲရုံတွင် ဇန်နဝါရီ ၁၁ နာရီ နံနက်အစောပိုင်းက မဲလာရောက်ပေးခဲ့ကြောင်း သိရသည်။





