◾ လက်နက်မဲ့အုပ်ချုပ်ရေးမှူးက နေအိမ်တွင် အိပ်ပျော်နေစဥ် အရုဏ်မတက်ခင် သေနတ်ဖြင့်သုံးချက် ပစ်သတ်ခဲ့ဟုပါ ကျူးလွန်သူတို့ ဝန်ခံ
နေမိုး
၁၂. ၁. ၂၀၂၆
လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦး၏ ဖခင်၊ ပျူစောထီးဟု တံဆိပ်ကပ်ကာ ပြွန်တန်ဆာမြို့မှ မြို့မ (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပဲခူး PDF အဖွဲ့ဖြစ်သော 9 Star Underground Force, Bago Region အဖွဲ့က ယနေ့ သတ်ဖြတ်လိုက်ကြသည်ဟု ကျူးလွန်သည့်အဖွဲ့က ယခုဝန်ခံသည်။
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ပြွန်တန်ဆာမြို့၊ မြို့မ (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှသောင်းဆိုသူကို ပျူခေါင်းဆောင် လှသောင်းဟုဆိုကာ 9 Star Underground Force, Bago Region အဖွဲ့က ယနေ့နံနက် ၅ နာရီခွဲတွင် ဦးလှသောင်းနေအိမ်သို့သွားပြီး အိပ်ပျော်နေချိန် သေနတ်ဖြင့် သုံးချက်ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟုလည်း NUG ဩဇာခံ PDF တို့က ကျူးလွန်မှုအပေါ် ဝန်ခံထားသည်။
ဦးလှသောင်းသည် ယခင်က ထောက်ပို့တပ်ကြပ်ကြီးအဖြစ်မှ ဆေးပင်စင်နှင့် ထွက်ပြီး ခေတ်အဆက်ဆက် အုပ်ချုပ်ရေးမှူး လုပ်လာပြီး မဲခိုး၍ ဖြုတ်ချခံ NLD အစိုးရဟောင်း လက်ထက်မှာ အဖြုတ်ခံခဲ့ရပြီး တပ်မတော်အာဏာရယူချိန် အုပ်ချုပ်ရေးမှူး ပြန်ဖြစ်လာချိန် ပြွန်တန်ဆာပျူစောထီးအဖွဲ့ကို ဦးဆောင်ပြီး ဧည့်စာရင်း ထောက်ခံစာပြုလုပ်ပေးရာတွင် ငွေတောင်းကြမ်းခြင်း၊ စစ်မှုထမ်းကြေး ၂ သောင်း ကင်း၊ ချောကြေး ၂ ထောင် လစဥ် ကောက်ခံခြင်း၊ ရပ်ကွက်အတွင်းမတည့်သူများကို ဖမ်းခိုင်းကာ စစ်မှုထမ်း ရောင်းစားခြင်း၊ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်း၊ မဲရုံများကို ဦးစီးပြီးအားတတ်သရော ဆောင်ရွက်နေခြင်း၊ ရန်ကုန် မန္တလေးအမြန်လမ်း လမ်းဟောင်း ပြွန်တန်ဆာမြို့တွင်း၌ ညအချိန်ဖြတ်သန်းသွားလာသော ကားများကို ဆက်ကြေးကောက်ခြင်း၊ တောရွာများမှ ဈေးဝယ်တတ်လာသောလူငယ်များကို စစ်မှုထမ်း ပေါ်တာဆွဲခြင်းတို့ကြောင့် သတ်လိုက်ကြောင်းနှင့် သားတစ်ယောက်က ဗိုလ်မှူး ကိုကိုလင်း။ တစ်ယောက်က..စခန်းမှူး သို့မဟုတ် ဒုတပ်ကြပ်ဆိုသည့် ကိုလှဋ္ဌေးဝင်းဟု ကျူးလွန်သည့် 9 Star Underground Force, Bago Region အဖွဲ့က စွပ်စွဲထားသော်လည်း MT News က ထိုစွပ်စွဲချက်များမှန်မမှန် မြေပြင်အတည်မပြုနိုင်သလို ကျူးလွန်သည့် လူသတ်အဖွဲ့ 9 Star Underground Force, Bago Region ကလည်း ထိုစွပ်စွဲချက်များ မှန်ကန်ကြောင်း သက်သေမပြနိုင်ချေ။
