






နေမိုး
၁၁. ၁. ၂၀၂၆
စစ်တွေမြို့ကိုသိမ်းဖို့ကြံစည်တဲ့ တိုက်ပွဲအတွင်းမှာ ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA တပ်ရင်းမှူးဟာ တပ်မတော်ရဲ့ လက်နက်ကြီးကျည်ထိ သေဆုံးသွားတယ်လို့ ရခိုင်သတင်းဌာန APM က ဒီနေ့မှာ ရုပ်သံနဲ့တကွ ဖော်ပြလာပါတယ်။
AA ရဲ့ အသက် ၃၃ နှစ်အရွယ် တပ်ရင်းမှူး ထက်မြက်သိန်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က စစ်တွေ – ပုဏ္ဏားကျွန်းအစပ်တစ်နေရာ တိုက်ပွဲမှာ တပ်မတော်ရဲ့Drop Bomb ထိထားတာလို့ ယူဆရတဲ့ လက်နက်ကြီးအစအနထိမှန်ထားတဲ့ ဒဏ်ရာများစွာနဲ့ သွေးအိုင်ထဲလဲနေတာတွေ့ရပြီး ရုပ်သံထဲမှာတော့ ထက်မြက်သိန်းအပါအဝင် သေဆုံးသွားတဲ့ AA အကြမ်းဖက်လက်နက်ကိုင် ၅ လောင်းကို သင်္ဂြိုဟ်နေတာ တွေ့ရပါတယ်။
AA ဟာ စစ်မြေပြင်မှာ တပ်မတော်ရဲ့ လက်နက်ကြီးထိမှန်သေဆုံးသူတိုင်းကို တပ်မတော်အပေါ် နိုင်ငံတကာဖိအားကျရောက်အောင် အရပ်သားလို့ပဲ လိမ်ညာထုတ်ပြန်လေ့ရှိသလို အခုလည်း မာန်အောင်ဇာတိဖွားတပ်ရင်းမှူးအဆင့် ဗိုလ်မှူးထက်မြက်သိန်း အပါအဝင် AA လက်နက်ကိုင် ၅ လောင်းပြိုင် သေဆုံးသွားမှုအပေါ် ချီးကျူးဂုဏ်ပြုစာ၊ အသိအမှတ်ပြု ထုတ်ပြန်စာနဲ့ ပြန်တမ်းထုတ် ဝမ်းနည်း ဂုဏ်ပြုတာမျိုးတောင် လုပ်ထားတာ မတွေ့ရဘဲ APM က ဒီနေ့ ဖော်ပြလာမှသာ စစ်တွေတိုက်ပွဲမှာ ထက်မြက်သိန်းအပါ AA တပ်ဖွဲ့ဝင်ငါးလောင်းသေခဲ့တာ သိရတာမို့ ဘယ်နေ့က မြေမြှုပ်ဂူသွင်းခဲ့လဲဆိုတာ MT News က အတည်မပြုနိုင်ပါဘူး။
Ref & Photo – APM
