ပုံစာ။ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရန် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသူများကို စစ်ဆေးမှုနှင့် ပြန်လည်ပို့ဆောင်မှုများ ပုံရိပ်။
MT News
၈. ၁. ၂၀၂၆
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တယ်လီကွန်းနှင့် အွန်လိုင်းလိမ်လည်မှုအမှုပေါင်း ၂၅၈,၀၀၀ ကို တရုတ်ရဲတပ်ဖွဲ့က ဖော်ထုတ်အရေးယူနိုင်ခဲ့ပြီး လိမ်လည်မှုနှင့် ဆက်နွှယ်နေသည့် ငွေကြေး ယွမ် ၂၁ ဒသမ ၇ သန်းကျော် (အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ သန်း) ကိုလည်း အရေးပေါ် ထိန်းချုပ်ပိတ်ဆို့နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
အများပြည်သူလုံခြုံရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကျန်းမင် (Zhang Ming) ကလည်း ပြီးခဲ့သည့်နှစ်အတွင်း လိမ်လည်မှုဂိုဏ်းစုများနှင့် ဆက်နွှယ်နေသည့် ငွေကြေးထောက်ပံ့သူများ၊ ခေါင်းဆောင်များနှင့် အဓိကအဖွဲ့ဝင် စုစုပေါင်း ၅၄၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ထို့အပြင် ကျန်းက ဆက်လက်ပြောကြားရာတွင် တရုတ်ရဲတပ်ဖွဲ့သည် ယင်းကဲ့သို့သော ရာဇ၀တ်မှုများကို တိုက်ဖျက်ရန် မြန်မာ၊ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့နှင့် နိုင်ငံတကာဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ မြဝတီဒေသမှ တယ်လီကွန်းလိမ်လည်မှု ကျူးလွန်သည်ဟု သံသယရှိရသည့် တရုတ်နိုင်ငံသား ၇,၆၀၀ ကျော်ကို နေရပ်ပြန်လည်ပို့ဆောင်နိုင်ခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။
Ref : Xinhua




