၇.၁.၂၀၂၅
Written By Thandar
မကြာမီ MRTV-4 ထုတ်လွှင့်ပြသမယ့် “အမုန်းရဲ့အလွန်”ဇာတ်လမ်းတွဲမှာ ဗန့်ကာရိုက်တာနဲ့ ပါဝင်ထားတာမို့ စိတ်လှုပ်ရှားရင်ခုန်မိတယ်လို့ သရုပ်ဆောင် ခိုင်သဇင်ငုဝါက ဆိုပါတယ်။
“ကိုယ့်က အမုန်းရဲ့ အလွန်မှာ ခေမီကျော်ဇောဆိုတဲ့ လူမုန်းများမယ့် ကာရိုက်တာဆိုတော့ နည်းနည်းလည်း စိတ်လှုပ်ရှားတယ်။ ရင်လည်းခုန်ပါတယ်။ ဒီကားက လုံးဝဗန့်ကာရိုက်တာဖြစ်လို့ ပရိသတ်တွေ မုန်းကြမှာပါ။ ဗန့်ကာရိုက်တာတွေကို အရင်လောက် ဆိုးဆိုးရွားရွားကြီး မဝေဖန်တော့ဘူးဆိုပေမယ့် ပရိသတ်ကလည်း လက်ခံအားပေးလာကြတာမို့ ငုဝါ အကောင်းဆုံးတော့ ကြိုးစားထားပါတယ်။ ဒီကားက ခေတ်နှစ်ခေတ်ကို ဇာတ်တည်ပြီးရိုက်ထားတဲ့ ကားလေးပါ။ အမေကကြတော့ အနုပညာအလုပ်နဲ့ပတ်သက်ရင် အရမ်းရူးသွပ်တဲ့သူဆိုတော့ ငုဝါကို အရမ်းကိုဖြစ်စေချင်တာပါ။ ငုဝါတို့ကားက ၂၀၂၃ ခုနှစ်လောက်က ရိုက်ထားတာဖြစ်တယ်။ ခုပြတော့မှာမို့ ပရိသတ်တွေ ထိတွေ့ရတော့မှာမို့ ပီတိလည်းဖြစ်ရပါတယ်”လို့ သရုပ်ဆောင် ခိုင်သဇင်ငုဝါက ပြောပါတယ်။
ဒီဇာတ်ကားမှာ ဇာတ်ညွှန်းကို အေးကြည်သာဟန်၊ ဟိန်းဇော်ဦး၊ ဟေမာစန်း၊ ကျော်ရာဇာကိုနဲ့ နိုင်ကိုကိုတို့က ရေးသားထားပြီး Forever Group , FG Series Production က စီစဉ်ထုတ်လုပ်ကာ ဒါရိုက်တာ ထွန်းထက်အာကာဗိုလ်က ကြည်နူးရင်ခုန်ဖွယ် လွမ်းမောဖွယ်ရာ ဒရာမာဇာတ်လမ်းပုံစံ ရိုက်ကူးပုံဖော်ထားတယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ကျော်ထက်ဇော်၊ ဟိန်းရတု၊ နန်းစန္ဒာလှထွန်း၊ ခိုင်သဇင်ငုဝါ၊ ဖူးစုံ၊ မိုက်မိုက်၊ စိုင်းကောင်းမင်းထက်၊ သက်ထက်၊ မိုးမခမေ၊ မေနန္ဒာကျော်၊ မေသက်ကျော်၊ ဆုထက်ထက်ကျော်၊ ဇင်မျိုး၊ ရဲမွန်၊ အေးသီတာ၊ သူဇာပွင့်နဲ့ အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
ခိုင်သဇင်ငုဝါကတော့ စေတလုံးမောင်ဘုန်းဇာတ်လမ်းတွဲ၊ ပန်းထောင်ချောက် ဇာတ်လမ်းတွဲ၊ သံသယကင်းတဲ့ အချစ်ဇာတ်လမ်းတွဲ စတာတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားသူလည်းဖြစ်ပါတယ်။
#KhaingThazinNguWar #ကျော်ထက်ဇော် #နန်းစန္ဒာလှထွန်း #ဟိန်းရတု #ခိုင်သဇင်ငုဝါ #MRTV4 #FGSeriesProduction #MyanmarActress #MyanmarCele #အမုန်းရဲ့အလွန်ဇာတ်လမ်းတွဲ




