၆.၁.၂၀၂၆
Written By Thandar
မင်းသား ဟိန်းဝေယံနဲ့ ထပ်ဆင့်အကယ်ဒမီ စိုးပြည့်သဇင်တို့ရဲ့ နှစ်ဦး မင်္ဂလာဦး ဆွမ်းကပ်စတုဒိသာ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ (၂၅) ရပ်ကွက်၊ ပြည်တော်သာလမ်း၊ ပြည့်စုံအေး မိုးကုတ်ရိပ်သာကျောင်းတိုက်မှာ နှစ်ဖက်မိဘတွေနဲ့အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
“ဒီနေ့ကတော့ ကျွန်တော်တို့ မင်္ဂလာဦးအလှူလေးပါ။ ရွှေပြည်သာမှာရှိတဲ့ ဘုန်းဘုန်းရဲ့ကျောင်းမှာ လာရောက်လှူဖြစ်တာပါ။ စတုဒိသာအနေနဲ့ လာရောက် လှူချင်တာမို့ ဒီကို လာလှူဖြစ်တာပါ။ ဘုန်းဘုန်းကြီးကတော့ ဧည့်ပရိသတ်တွေကို လှူဖြစ်တာပါ။ ကျွန်တော့်ရဲ့ မင်္ဂလာသတင်းလေးကို ဒီကျောင်းတိုက် ဖေဖေက စ,ဖြေခဲ့တာပါ။ အမှတ်ရစရာကျောင်းတိုက်လေးပါ။ နှစ်သစ်ဦးမှာ အလှူလေးလုပ်ရတာ အရမ်းပျော်စရာကောင်းတာမို့ အလှူလေးနဲ့ ဒီကျောင်းလေးမှာ စတုဒိသာအလှူလေးလုပ်ရတာမို့ ပီတိဖြစ်ရပါတယ်”လို့ သရုပ်ဆောင် ဟိန်းဝေယံက ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ ကျောင်းတိုက်ရှိ ဆရာတော် သံဃာတော်တွေ နေ့ဆွမ်း ဆက်ကပ်ခြင်း၊ လှုဖွယ်ပစ္စည်းတွေ အစုစုတွေကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
ပရိသတ်တွေ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ ငယ်ဇင်တို့ရဲ့ နှစ်ဦး အလှူအတန်းလေးကတော့ လူအယောက် ၁၅၀၀ စာ ထမင်းနဲ့ဟင်းတို့ကိုလည်း နှစ်ဦးအလှူ စတုဒိသာ လှူဒါန်းသလို ရွှေမိုးငွေမိုးတွေ ရွာသွန်းခဲ့တာလည်း ဖြစ်ပါတယ်။
ပြည့်စုံအေး မိုးကုတ်ရိပ်သာကျောင်းတိုက်မှာ ဟိန်းဝေယံ၊ ဖခင်နဲ့ မိခင်တို့ရဲ့ မွေးနေ့အလှူအတန်းတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်နေတဲ့ ကျောင်းတိုက်ဖြစ်တယ်လို့လည်း သိရပါတယ်။
#HeinWaiYan #SoePyaeThazin #MyanmarActor #MyanmarActress #ငယ်ဇင် #NgeZin #ဟိန်းဝေယံ #စိုးပြည့်သဇင် #နှစ်ဦးမင်္ဂလာဦးဆွမ်းကပ်စတုဒီသာအလှူ #ပြည့်စုံအေးမိုးကုတ်ရိပ်သာကျောင်းတိုက်







