


၃.၁.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုက ဗင်နီဇွဲလားနိုင်ငံကို လပေါင်းများစွာ ဖိအားပေးမှုပြုလာရာကနေ ဇန်နဝါရီ လ ၃ ရက် နံနက်အစောပိုင်းမှာ ဗင်နီဇွဲလားနိုင်ငံကို ပြင်းထန်လှတဲ့ လေကြောင်းတိုက်ခိုက်မှုပြုခဲ့ရာမှာ သမ္မတ နီကိုလတ်စ် မာဒူရို ကို ဖမ်းဆီးခံရပြီး နိုင်ငံပြင်ပကို ထွက်ခွာသွားရတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ကြေညာခဲ့ပါတယ်။
ဒီစစ်ဆင်ရေးက တိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာမှာ ထရမ့်ပ်က လူမှုမီဒီယာမှာ ကြေညာခဲ့တဲ့ ထူးခြားတဲ့ ညအချိန် စစ်ဆင်ရေးတစ်ခုဖြစ်ခဲ့ပါတယ်။
ပေါက်ကွဲမှုများစွာ ထွက်ပေါ်လာပြီး ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကာရာကာ့စ်ရဲ့ကောင်းကင်ယံမှာ အနိမ့်ပျံ လေယာဉ်များ ပျံသန်းနေခဲ့ကြပါတယ်။ မာဒူရိုရဲ့ အစိုးရက အမေရိကန်ဟာ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်တယ်လို့ ချက်ချင်း စွပ်စွဲခဲ့ပါတယ်။ ဗင်နီဇွဲလား အစိုးရက ၎င်းကို တိုက်ခိုက်မှု လက်နက်နဲ့နယ်ချဲ့လိုသူတို့ရဲ့တိုက်ခိုက်မှုလို့ ခေါ်ဆိုပြီး နိုင်ငံသားတွေ လမ်းမများပေါ် ထွက်ဆန္ဒပြဖို့ တိုက်တွန်းခဲ့ပါတယ်။
ပထမဆုံး လေကြောင်းတိုက်ခိုက်မှု ဗုံးက ဒေသစံ တော်ချိန် နံနက် ၁း၅၀ နာရီမှာ ကာရာကာ့စ်မြို့ အပေါ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံကို မည်သူအုပ်ချု ပ်နေသည်ကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးဘဲ မာဒူရို ဘယ်မှာရှိသလဲ ဆိုတာလည်းချက်ချင်း မသိရှိရသေးပေ။ ထရမ့်ပ် က မနက် ၄း၃၀ နာရီတွင် Truth Social မှာ ဖြစ်ပေါ်တိုးတက်မှုတွေကို ကြေညာခဲ့ပါတယ်။
ထရမ့်ပ် က မာဒူရိုကို ဇနီးနှင့်အတူ ဖမ်းဆီးပြီး နိုင်ငံမှ ထွက်ခွာသွားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဇန်နဝါရီလ ၃ ရက် နံနက်နှောင်းပိုင်းမှာ သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပဖို့ လည်းစီစဉ်ထားတယ်လို့ သိရပါတယ်။
ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော် ကာရာကာ့စ်အပေါ် အနည်းဆုံး ပေါက်ကွဲမှု ခုနစ်ကြိမ် ဖြစ်ပွားခဲ့လို့ လူတွေ လမ်းမတွေပေါ်ကို အပြေးအလွှား ထွက်လာခဲ့ကြပြီး အချို့ကမူ ပေါက်ကွဲမှုတွေကို ကြားသိ၊ မြင်တွေ့ခဲ့ရကြောင်း လူမှုမီဒီယာများတွင် သတင်းပို့ခဲ့ကြပါတယ်။
ထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိကို ချက်ချင်ရှင်းလင်းစွာမသိရသေးဘဲ တိုက်ခိုက်မှုလို့ ယူဆရတဲ့အချိန်က မိနစ် ၃၀ အောက်သာ ကြာမြင့်ခဲ့ပေမယ့် နောက်ထပ်လုပ်ဆောင်မှုတွေ ရှိမရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေမဲ့ ထရမ့်ပ်က သူ့ရဲ့ ပို့စ် မှာ တိုက်ခိုက်မှုတွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref- AP
