
၁.၁.၂၀၂၆.
Translated by Htwe Ko Tun
၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက်၊ကြာသပတေးနေ့ နံနက် ၁၂ နာရီကျော် နှစ်သစ်ကို ဝင်ခါစအချိန်မှာပဲ ဖိလစ်ပိုင်နိုင်ငံ၊ ကိုတာဘာတိုမြို့၊မာတာလမ်စည်ပင်သာယာနယ်မြေရှိ ဒါလာပီတန် ရပ်ကွက်မှာ လမ်းဘေးနှစ်သစ်ကူးပါတီပွဲကျင်းပနေရာ တစ်ခုကို ဆိုင်ကယ်စီးလာကြတဲ့ သံသယရှိရသူ နှစ်ဦးက လက်ပစ်ဗုံးတစ်လုံးနဲ့ ပစ်ခတ်ခဲ့လို့ လူ ၂၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မာတာလမ်ရဲတပ်ဖွဲ့က မော်တော်ဆိုင်ကယ်စီးလာတဲ့လူနှစ်ဦးဟာ လမ်းဘေးမှာ နှစ်သစ်ကူးပါတီ ကျင်းပနေသူတွေဘေးက ဖြတ်သွားချိန်မှာ ဗုံးအစအနတွေကို အခြေခံလုပ်ထားတယ်ယူဆရတဲ့ လက်လုပ်ဗုံးလို့ ယုံကြည်ရတဲ့ ပေါက်ကွဲစေတတ်သောပစ္စည်းနဲ့ ပစ်ပေါက်ခဲ့တာလို့ ပြောခဲ့ပါတယ်။

သံသယရှိသူတွေကို ဖော်ထုတ်နိုင်ဖို့နဲ့ ခြေရာခံလိုက်နိုင်ဖို့ စုံစမ်းစစ်ဆေးသူတွေက CCTV မှတ်တမ်းတွေကို စစ်ဆေးနေကြပါတယ်။
ကိုတာဘာတိုမြို့ အုပ်ချုပ်ရေးမှူး အမ်မီလို မန်ဒိုဇာက တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချခဲ့ပါတယ်။ မန်ဒိုဇာက ပြည်နယ်အတွင်း အကြမ်းဖက်မှုပြုလုပ်ဖို့ နေရာမရှိ ဘူးလို့ ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။

မန်ဒိုဇာက မာတာလမ်ရဲတပ်ဖွဲ့ကို သံသယရှိသူတွေကို ဖော်ထုတ်ပြီး တရားမျှတမှုရှေ့မှောက်သို့ ခေါ်ဆောင်လာနိုင်ဖို့ ညွှန်ကြားခဲ့ပါတယ်။
မန်ဒိုဇာက ဖြစ်ရပ်မှာ ကံကောင်းထောက်မစွာ၊ သေဆုံးသူမရှိခဲ့ဘူးလို့ ပြောကြားခဲ့ပြီး ထိခိုက်ခံရသူတွေကို အကူအညီပေးဖို့လည်း ကတိပြုခဲ့ပါတယ်။
