နေမိုး
၁. ၁.၂၀၂၅

သပိတ်ကျင်းမြို့နယ်၊ ကွင်းသုံးဆယ်(ကွင်း (၃၀))ရွာက PDF သင်္ချိုင်းကို ဒေသခံများ ဖျက်ဆီး ရှင်းလင်းနေသည့်ရုပ်သံ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။
MT News ၏ မေးမြန်းမှုနှင့် ရုပ်သံမြင်ကွင်းအရ PDF များ၏ အုတ်ဂူရာဂဏန်းခန့်ကို အာဇာနည်ကုန်းသဖွယ် လုပ်ဆောင်ထားပြီး အဓိကအားဖြင့် MDY PDF များကို မြှုပ်နှံသည့် သင်္ချိုင်းလည်းဖြစ်သည်။
ကွင်း (၃၀)ရွာသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးကျေးရွာ အုပ်စု၌ တည်ရှိသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အုံးဇုံးကျေးရွာအုပ်စုတွင် ကျား ၁၇၇၀၅ ဦး၊ မ ၁၆၃၄၂ ဦးဖြင့် လူဦးရေ စုစုပေါင်း ၃၄၀၄၇ ဦးနေထိုင်သည့် ရွာကြီးဖြစ်သည်။
အဆိုပါ ကွင်းသုံးဆယ်ရွာအပါအဝင် ဝါးဖြူတောင်၊ ဖော့တော၊ ဇရပ်ကွင်း၊ လိပ်ကျ စသည့် သပိတ်ကျင်းမြို့နှင့် စဉ့်ကူး၊ မတ္တရာမြို့နယ်များရှိ ကျေးရွာများကို တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးနောက် ဒေသခံများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်သဖြင့် PDF များကို မြှုပ်ထားသည့် သင်္ချိုင်းအား ဒေသခံများက တက်ညီလက်ညီ ဖြိုဖျက် ရှင်းလင်းလိုက်ခြင်းဖြစ်သည်။
