၃၁.၁၂.၂၀၂၅
Written By Thandar
ဂီတပိုင်းမှာ အောင်မြင်မှုများစွာရရှိထားတဲ့ အဆိုတော် မေလသံစဉ်ကတော့ ဒရာမာဇာတ်လမ်းပုံစံ “အဆိပ်သင့် ဝိုင်”ဇာတ်လမ်းတွဲမှာ ရတုပျိုဆိုတဲ့ DJ တီးတဲ့ ကောင်မလေးတစ်ယောက်နေရာက ကြိုးစားသရုပ်ဆောင်ထားတယ်လို့ဆိုပါတယ်။
“မေလက ဒီဇာတ်ကားမှာက DJ တီးတဲ့ ရတုပျိုဆိုတဲ့ ကောင်မလေးတစ်ယောက်နေရာက ပါဝင်ရမှာပါ။ DJ တီးတဲ့ကောင်မလေးတွေကို Inspire ယူရတာပေါ့နော်။ ကောင်မလေးတွေ ဘယ်လို ဝတ်စားဆင်ယင်လဲဆိုတာရောပေါ့နော်။ မေလနည်းနည်း ရိုးရိုးလေးတွေ ဝတ်တာများတော့။ အဲလိုဖက်ရှင်တွေ ဝယ်ပြီးတော့လုပ်ရတာ ပေါ့။ DJ ဆိုတော့ ဟန်ဆောင်ပြီးတော့ လုပ်ရတာပေါ့နော်။ မတတ်ပေမယ့်လည်း ခလုတ်တွေကို လျှောက်နှိပ်ရတာပေါ့။ ဒီကားက ဒရာမာကိုမှ နည်းနည်း အလောင်လေးတွေလည်း ပါတယ်”လို့ သရုပ်ဆောင် မေလသံစဉ်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားရဲ့ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းပိုင်းကို လုံမက ရေးသားပြီးတော့ DOP မိုက်တိုင်စံ၊ AD ရွှေဒါး Anna၊ ဒါရိုက်တာထက်ကြီး (ပေါက်ကွဲသည်) က သရုပ်ဆောင်တွေအနေနဲ့ ကောင်းမြတ်စံ၊ ဘုန်းမင်းနေလ၊ နေရှိုင်း၊ လင်းသစ်အောင်၊ နန်းခင်ဇေယျာ၊ မေလသံစဉ်၊ ကျော်ကျော်အိန္ဒြာ၊ ယွန်းဖြူစင်နွယ်၊ နွေးနွေးချစ်ဖွယ်၊ ချယ်ချယ်၊ မြင့်မြတ်မိုး၊ အေးမြတ်နိုးစံ၊ မင်းသူ၊ ဘုန်းလျှံ၊ ကျော်ဇင်ထွဋ်၊ အကယ်ဒမီ ဝါဝါအောင်၊ ဒေါ်ခင်အုံးမြင့်၊ အေးအေးအောင်၊ ဆက်ထူးသစ်၊ မိုးဇင်၊ ရွှေရတီနဲ့ အနုပညာရှင်များစွာနဲ့ ရိုက်ကူးထားပါတယ်။
“အဆိပ်သင့် ဝိုင်”ကို မနက်ဖြန် ဇန်နဝါရီ ၁ ရက်က စတင်ပြီး အပတ်စဉ် တနင်္လာကနေ သောကြာနေ့အထိ ညနေ ၆ နာရီတိုင်းမှာ Channel 7 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသပေးမှာဖြစ်တယ်လို့ သိရပါတယ်။
#မေလသံစဉ် #ကောင်းမြတ်စံ #ဘုန်းမင်းနေလ #နေရှိုင်း #လင်းသစ်အောင် #MayLaThanzin #MyanmarSinger #MyanmarCele #အဆိပ်သင့်ဝိုင်ဇာတ်လမ်းတွဲ #အဆိပ်သင့်ဝိုင် #DJ #MyanmarCele #Channel7 #ForYouApplication




