
သက်တံ့
၂၉. ၁၂. ၂၀၂၅
လက်ဝှေ့ကျော် Anthony Joshua နိုင်ဂျီးရီးယားတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။
၎င်းစီးနင်းလာသည့် SUV ကားသည် အရှိန်ပြင်းစွာဖြင့် လမ်းမပေါ်တွင် ရပ်ထားသည့် ကုန်တင်ကားတစ်စီးကို ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းနှင့်ပါလာသူ နှစ်ဦး သေဆုံးခဲ့သည်။
Anthony Joshua သည် ယခင်အပတ်ကမှ Jake Paul နှင့် ယှဉ်ပြိုင်ခဲ့သည့် လက်ဝှေ့ပွဲတွင် အနိုင်ရရှိထားသူ ဖြစ်သည်။
ယင်းဖြစ်ရပ်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ (ယနေ့) ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုင်ဂျီးရီးယားနိုင်ငံ၊ အိုဂန်ပြည်နယ်ရှိ လားဂို့စ်-အိုင်ဘာဒန်အဝေးပြေးလမ်းမပေါ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့အဆိုအရ Anthony Joshua သည် ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပြီး လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည်။
Anthony Joshua သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်နေ့က မိုင်ယာမီတွင် Jake Paul ကို (၆) ချီမြောက်၌ အလဲထိုးအနိုင်ယူခဲ့ပြီးနောက် မိဘများ၏ ဇာတိမြေဖြစ်သော နိုင်ဂျီးရီးယားသို့ အားလပ်ရက်အပန်းဖြေခရီး သွားရောက်စဉ် ယခုလို ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
