သက်တံ့
၂၉. ၁၂. ၂၀၂၅
မြန်မာနိုင်ငံတွင် တပ်မတော်က ဦးစီးကျင်းပသော ရွေးကောက်ပွဲ ပထမအဆင့်တွင် ဩဇာလွှမ်းမိုးမှုရှိသည့် တပ်မတော်လိုလားသောပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီက “အမတ်နေရာ အများစုတွင် အနိုင်ရနေသည်” ဟု အဆိုပါပါတီ၏ သတင်းမြစ်တစ်ခုက ဒီဇင်ဘာ ၂၉ ရက်တွင် AFP သို့ ပြောကြားခဲ့သည်။
တပ်မတော်သည် ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှုတွင် အာဏာကို ရယူခဲ့သော်လည်း ပြည်သူထံသို့ အာဏာပြန်လည်လွှဲအပ်မည်ဟု ကတိပြုထားသည့်အတိုင်း တစ်လခန့်ကြာ အဆင့်လိုက်ကျင်းပမည့် ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ခဲ့သည်။
“သတင်းအမျိုးမျိုးအရ ပြည်ခိုင်ဖြိုးပါတီ (USDP) ဟာ တစ်နိုင်ငံလုံးက အမတ်နေရာ အများစုမှာ အနိုင်ရနေပါတယ်” ဟု နေပြည်တော်ရှိ ပါတီအရာရှိတစ်ဦးက မီဒီယာများကို ဖြေကြားရန် ခွင့်ပြုချက်မရှိသဖြင့် အမည်မဖော်လိုဘဲ ပြောကြားခဲ့သည်။
ယမန်နေ့က ကျင်းပခဲ့သော ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၁၀၂ မြို့နယ်တွင် ကျင်းပရန် စီစဉ်ထားခဲ့ပြီး ယင်းမှာ မဲပေးမှု သုံးကြိမ်အနက် အကြီးမားဆုံးသောအဆင့်ဖြစ်သည်။
အဆိုပါ ပထမအကြိမ်ရွေးကောက်ပွဲတွင် တိုက်ခိုက်ဖျက်ဆီးမှုများ မလုပ်နိုင်အောင် လုံခြုံရေးတင်းကျပ်ထားသဖြင့် ပြည်သူများ ဘေးကင်းစွာမဲပေးနိုင်ခဲ့သလို လာရောက်မဲပေးသူလည်း ထင်ထားသည့်ထက် များပြားခဲ့သည်။
Ref : AFP




