MT News
၂၉. ၁၂. ၂၀၂၅
ဇေယျာသီရိမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ ဒီဇင်ဘာ ၂၈ ရက်ကပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲရလဒ်အပြတ်အသတ်နဲ့ အနိုင်ရခဲ့တယ်လို့ ကနဦး သိရပါတယ်။
FPTP စနစ်နဲ့ ယှဥ်ပြိုင်တဲ့ ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ခိုင်ဖြိုး၊ တစည၊ ပြည်သူ့ရှေ့ဆောင်၊ ပြည်သူ့ပါတီ၊ ကျားဖြူနဲ့ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ်လောင်းတွေ ယှဥ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ဒီအထဲမှာ ဦးခင်ရီ မဲအများဆုံးရရှိခဲ့တာလည်းဖြစ်ပါတယ်။
ဦးခင်ရီက ကြိုတင်မဲ ၉၁၄၂ မဲ၊ MEVM မဲ ၃၉၅၈၄ မဲနဲ့ စုစုပေါင်း ၄၈၇၂၆ မဲရရှိထားတယ်လို့ ကနဦးသိရပြီး ဒုတိယနေရာက မဲအများဆုံးရသူက ၄၈၈၃ မဲသာဖြစ်တယ်လို့ သိရတာကြောင့် ဦးခင်ရီက ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်သူက ရွေးကောက်ခံလိုက်ရပြီဖြစ်ပြီး မဲစာရင်းအတိအကျအခြေအနေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုထုတ်ပြန်ပေးမှာဖြစ်ပါတယ်။
