၂၉. ၁၂. ၂၀၂၅
Photo by NYL
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဲရုံ (၁၀၀) မှ မဲစာရင်းများနှင့် မဲပေးစက်များကို မဲရေတွက်မှုအပြီး ဒီဇင်ဘာ ၂၈ ရက် ညတွင်းချင်း လာရောက်အပ်နှံခဲ့ကြပြီး ည ၁၀ နာရီခွဲ အထိ လာရောက်အပ်နှံခဲ့သည်ဟု သိရှိရသည်။





၂၀၂၅ ရွေးကောက်ပွဲတွင် ပထမပိုင်း၌ ပါဝင်လျက်ရှိသည့် သင်္ဃန်းကျွန်းမြို့နယ်တွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအတိုင်း ဆက်လက်လုပ်ဆောင်ခဲ့ပြီး ရပ်ကွက်အသီးသီးမှ ပို့ဆောင်လာသည့် အဆိုပါ မဲစာရင်းများနှင့် မဲပေးစက်များကို လက်ခံထိန်းသိမ်းထားရှိခဲ့ကြောင်း သိရသည်။






အဆိုပါလာရောက်အပ်နှံသည့် မဲစာရင်းများကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ထံ ရပ်ကွက်အသီးသီရှိ မဲရုံများမှ တာဝန်ရှိသူများက စနစ်တကျအပ်နှံခဲ့ပြီး မဲစာရင်းရလဒ်များကို ချက်ချင်းထုတ်ပြန်သွားမည်ဖြစ်သလို သက်ဆိုင်ရာကိုယ်စားလှယ်လောင်းများနှင့် တာဝန်ရှိသူများကလည်း ရောက်ရှိစောင့်ဆိုင်းခဲ့ကြသည်ကို တွေ့ရှိရသည်။
