၂၈ .၁၂. ၃၀၂၅
Written by Hey Mar
မရမ်းကုန်းမြို့နယ် (၈) ရပ်ကွက်အတွင်း အထက (၄) ကျောင်းဝင်းမှာ ပြုလုပ်ထားတဲ့ မဲရုံ အမှတ် (၁) နဲ့ အမှတ် (၂) ရဲ့ မြင်ကွင်းတချို့ ဖြစ်ပါတယ်။





ပြည်သူတွေက ကြော်ငြာဘုတ်မှာကပ်ထားတဲ့ မဲစာရင်းကနေ မိမိတို့ အမှတ်စဉ်နံပါတ်ကိုရှာဖွေက မဲပေးကြပြီး အမှတ်စဉ်မှားသူ၊ ရှာမတွေ့သူတွေကိုလည်း မဲရုံမှူးနဲ့ အဖွဲ့တွေက ကူညီရှာဖွေပေးနေပြီး မဲ မပေးလိုက်ရသူမဖြစ်ရအောင် ဆောင်ရွက်ပေးကြပါတယ်။
“တစ်အိမ်တည်းနေတာ ယောကျ်ားနာမည်ပါပြီး ကျွန်မနာမည် မတွေ့လို့”ဆိုတဲ့ ပြဿနာတွေ၊ မဲစာရင်း သုံးကြိမ်စလုံး တစ်ကြိမ်မှ လာရောက်မစစ်ဆေးဘဲ မဲပေးမယ့်နေ့မှ မှတ်ပုံတင်ကိုင်ကာ ရောက်ရှိလာသူတွေကိုလည်း မဲပေးရမယ့် စာရင်း ဘယ်အပိုင်း ဘယ်မဲရုံဆိုတာကို System ထဲကနေ ပြန်လည်ရှာဖွေကူညီပေးနေတာ တွေ့မြင်ရပါတယ်။





အ ထ က (၄) ကျောင်းဝင်းအတွင်း မဲရုံ နှစ်ရုံ ဖွင့်လှစ်ထားပြီး နှစ်ရုံပေါင်း မဲဆန္ဒရှင်ပြည်သူ အရေအတွက်က ၄၀၀၀ ဝန်းကျင်ဖြစ်ပါတယ်။ မနက်ပိုင်းအတွင်းမှာပဲ မဲပေးတဲ့ ပြည်သူ ရာနဲ့ချီ လာရောက် မဲပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။
