


၂၈.၁၂.၂၀၂၅
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံတွင် ဒီဇင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ခရစ္စမတ် အားလပ်ရက်ကာလအတွင်း မီးရှုး မီးပန်းပစ်လွှတ်မှုများနှင့်ဆက်စပ်သော ဒဏ်ရာရသူ ၉၁ ဦး အထိရှိလာခဲ့သော်လည်း ၂၀၂၄ ခုနှစ် တူညီသောကာလအတွင်း စံချိန်ထက် ၃၄ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း ကျန်းမာရေးဌာနက ဒီဇင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်
အများစုဒဏ်ရာရရှိရာ မက်ထရိုမနီလာ အမျိုးသားမြို့တော်ဒေသတွင် ၄၀ ဦးရှိပြီး ထို့နောက်တွင် အီလို ကော့စ်ဒေသ၌ ၁၀ ဦးနှင့် အနောက်ဗီဆာယာဒေသတွင် ရှစ်ဦးရှိသည်။ ဒဏ်ရာရသူအများစုမှာ အသက် ၁၀ နှစ်မှ ၁၄ နှစ်အရွယ် အမျိုးသားများဖြစ်ကြသည်။
ကျန်းမာရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းရေးမှူး အဲလ်ဘတ် ဒိုမင်ဂိုက “ အခုအချိန်အထိတော့ မီးပန်းပစ်လွှတ်မှုတွေနဲ့ဆက်စပ်လို့ သေဆုံးသူ မရှိသေးပါဘူး။ ယခုအချိန်အထိ ဝါတူစီ ဒါမှမဟုတ် တခြားမီးရှူးမီးပန်းတွေကို မျိုချမိတဲ့ ဖြစ်ရပ်တွေ မရှိသေးပါဘူး” ဟု ပြောကြားခဲ့သည်။
မီးရှူးမီးပန်းများတွင်ပါဝင်သော ဒြပ်ပေါင်းများစွာသည် မျိုချမိပါက အလွန်အဆိပ်သင့်နိုင်ပြီး အစာအိမ်နာခြင်းမှသည် အီလက်ထရိုလိုက် ချို့ယွင်းမှုများ (ဘေရီယမ်ဆားများမှ ပိုတက်စီယမ်နည်းပါးခြင်းကဲ့သို့) နှင့် ချက်ချင်းဆေးကုသမှုခံယူရန် လိုအပ်သည့် အခြားအန္တရာယ်ရှိသော အင်္ဂါပေါင်းစုံဆိုင်ရာ အကျိုး သက်ရောက်မှုများကဲ့သို့သော ရောဂါလက္ခဏာများအထိ ဖြစ်စေနိုင်သည်။ သို့သော် အချို့က မီးရှုးမီးပန်းများ ပစ်လွှတ်ချိန်တွင် ပါးစပ်ဟကာ ၎င်းတို့ကို စားသောက်နိုင်သည်အထိ အစွမ်းရှိသည်ဟု ပြသသော မီးရှူးမီးပန်းများမျိုသည်ဟုဆိုရမည့် ရိုးရာဓလေ့တစ်ခုရှိကြောင်းလည်း သိရသည်။
သို့ရာတွင် မီးရှူးမီးပန်းပစ်လွှတ်မှုများမှ ရရှိခဲ့သည့်ဒဏ်ရာများကြောင့် နှစ်ဦးမှာ လက်ချောင်းများ ဖြတ် တောက်ခဲ့ရပြီး မီးရှူးမီးပန်းများကြောင့် မျက်လုံးဒဏ်ရာရခဲ့သူများလည်းရှိကြောင်း ဒိုမင်ဂိုက ပြော ခဲ့သည်။
၎င်း က “မီးရှူးမီးပန်းတွေ ပစ်လွှတ်ရာက ဖြစ်ပေါ်လာနိုင်တဲ့ အရာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးဌာနက လူငယ်တွေကိုတော မီးရှူးမီးပန်းတွေကို ကိုင်တွယ်ပစ်လွှတ်မှုတွေ မပြုသင့်ဘူးလို့ အကြံပြုထားပါတယ်” ဟု ဆက်လက် ပြောခဲ့သည်။
ထို့ပြင်ကျန်းမာရေးဌာနကအားလပ်ရက်ကာလအတွင်း ယာဉ်မတော်တဆမှု ၃၃၁ မှု မှတ်တမ်းတင်ထားပြီး ၂၀၂၄ ခုနှစ် အလားတူကာလထက် ၈ ဒသမ ၅၆ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း ပြောခဲ့သည်။ ယာဉ်မတော်တဆမှုများ၌ ဒဏ်ရာရသူလူနာအများစုမှာ အသက် ၂၀ မှ ၂၄ နှစ်အရွယ် အမျိုးသားများ ဖြစ်ကြောင်းလည်း သိရသည်။
မှတ်တမ်းအရ ဖြစ်ရပ်များ၏ ၇၃ ရာခိုင်နှုန်းမှာ မော်တော်ဆိုင်ကယ်များနှင့် ဆက်စပ်နေပြီး ဒဏ်ရာရသူများ၏ ၈၃ ရာခိုင်နှုန်းက လုံခြုံစိတ်ချရမှု ဘေးကင်းရေးပစ္စည်းများ မပါဝင်ဟုလည်း သိရသည်။
