
၂၇. ၁၂ .၂၀၂၅
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအနေက်ရပ်ကွက်၊ ပုလဲလမ်းမှာ ဟိုက်ဂျက်ယာဉ်တစ်စီးနဲ့ သဲကား မျက်နှာချင်းဆိုင်တိုက်မိပြီး လူတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီဇင်ဘာ ၂၆ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အင်းစိန်မြို့၊ ရွာမရပ်ကွက်၊ သံမဏိစက်ရုံရှေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီယာဉ်တိုက်မှုဖြစ်စဉ်အတွင်း ဟိုက်ဂျက်ယာဉ်မောင်း ကားအတွင်းညပ်နေကြောင်း သတင်းအရ အင်းစိန်မြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဥ်(၁)စီးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မိတဲ့ဖြစ်စဉ်ကြောင့် ဟိုက်ဂျက်ယာဉ်မောင်းမှာ ဦးခေါင်းပြင်းထန်ဒဏ်ရာ၊ ခြေထောက် ပြတ်ဒဏ်ရာတွေရရှိခဲ့ပြီး သေဆုံးခဲ့တာကြောင့် ကနောင်လူမှုကူညီရေးအသင်း သူနာတင်ယာဉ်နဲ့ အင်းစိန်ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
