နေမိုး
၂၅. ၁၂. ၂၀၂၅


ယခု ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် ၂၀၂၅ ရွေးကောက်ပွဲကို ပါဝင်ယှဥ်ပြိုင် ကူညီနေသူ NLD ပါတီဝင်ဟောင်း ၂၀ ကျော်အထိ ရှိနေပြီး အမတ်ဟောင်းများလည်း ပါဝင်နေသည်။
NLD ဗဟိုအလုပ်ကော်မတီ၏ ယနေ့ကြေညာချက်အရ တပ်မတော်က ဦးဆောင်ကျင်းပသော ၂၀၂၅ ရွေးကောက်ပွဲကို ပါဝင်ယှဥ်ပြိုင်ကူညီနေသူများမှာ
၁။ ဦးညီညီထွန်း အဖွဲ့ဝင် သတင်းပြန်ကြားရေး မြဝတီခရိုင်အလုပ်အမှုဆောင်အဖွဲ့ ကရင်ပြည်နယ်။
၂။ ဦးအောင်ကိုဦး အဖွဲ့ဝင် ရပ်/ကျေး အလုပ်အမှုဆောင်အဖွဲ့ လှိုင်းဝကျေးရွာ ကရင်ပြည်နယ်။
၃။ ဦးသန်းထိုက်အောင် အဖွဲ့ဝင် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဒိုက်ဦးမြို့နယ် ပဲခူးတိုင်း။
၄။ ဦးအေးလွင် အဖွဲ့ဝင် သတင်းပြန်ကြားရေး ဒိုက်ဦးမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ပဲခူးတိုင်း။
၅။ ဦးထွန်းဝင်း ပါတီဝင် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ မွန်ပြည်နယ်။
၆။ ဒေါ်ချိုနွယ်ဦး အဖွဲ့ဝင် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဒဂုံမြို့သစ်တောင်ပိုင်း ရန်ကုန်တိုင်း။
၇။ ဒေါက်တာဖြူဖြူခိုင် ဥက္ကဋ္ဌ၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ရန်ကုန်တိုင်း။
၈.။ ဦးအောင်မိုး တွဲဖက်အတွင်းရေးမှူးဟောင်း ၇၈ ရပ်/ကျေး အလုပ်အမှုဆောင်အဖွဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ရန်ကုန်တိုင်း။
၉။ ဦးစိုးတင့် အတွင်းရေးမှူး ၁၆၈ ရပ်/ကျေး အလုပ်အမှုဆောင်အဖွဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ရန်ကုန်တိုင်း။
၁၀။ ဒေါ်လှရီ အတွင်းရေးမှူး ၁၆၈ ရပ်/ကျေး အမျိုးသမီးလုပ်ငန်းအဖွဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ရန်ကုန်တိုင်း။
၁၁။ ဒေါ်မာမာလွင် ဘဏ္ဍာရေးမှူး ၈၈ ရပ်/ကျေး အလုပ်အမှုဆောင်အဖွဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ရန်ကုန်တိုင်း။
၁၂။ ဒေါ်တင်အေး အဖွဲ့ဝင် ၇၈ ရပ်/ကျေး အမျိုးသမီးလုပ်ငန်းအဖွဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ရန်ကုန်တိုင်း။
၁၃။ ဦးစန်းလွင် အဖွဲ့ဝင် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ၆၈ ရပ်ကွက် ဒဂုံဆိပ်ကမ်းမြို့နယ် ရန်ကုန်တိုင်း။
၁၄။ ဦးတိုးအောင် အတွင်းရေးမှူး ၆၇ ရပ်/ကျေး အလုပ်အမှုဆောင်အဖွဲ့ ၆၇ ရပ်ကွက် ဒဂုံဆိပ်ကမ်းမြို့နယ် ရန်ကုန်တိုင်း။
၁၅။ ဦးစိန်မြိုင် ဥက္ကဋ္ဌဟောင်း မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်တိုင်း။
၁၆။ ဦးဌေးမြင့် တွဲဖက်အတွင်းရေးမှူး အလုပ်အမှုဆောင်အဖွဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်တိုင်း။
၁၇။ ဦးသန်းစိုး (ဘောဂဗေဒ) – ပါတီဝင် မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်တိုင်း။
၁၈။ ဒေါ်မွန်မွန်အောင် ပါတီဝင် ရပ်/ကျေး အလုပ်အမှုဆောင်ဟောင်း မြောက်ဥက္ကလာပမြို့နယ် ရန်ကုန်တိုင်း။
၁၉။ ဦးညီညီထွန်း ဥက္ကဋ္ဌ ၊ ပေါက်ကုန်း ရပ်/ကျေး အလုပ်အမှုဆောင်အဖွဲ့ မင်္ဂလာဒုံမြို့နယ် ရန်ကုန်တိုင်း။
၂၀။ ဦးသောင်းထွဋ် အဖွဲ့ဝင် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဗဟန်းမြို့နယ် ရန်ကုန်တိုင်း
တို့ ဖြစ်သည်။
အဆိုပါ လူ ၂၀ စာရင်းတွင် ဦးသန်းစိုး (ဘောဂဗေဒ) ကဲ့သို့ NLD လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူများအဲပြင် NLD ပါတီ၏ နှစ်ကြိမ်ဆက် အမတ်ဖြစ်ခဲ့ဖူးသော ဒေါ်စန္ဒာမင်းအပါအဝင် NLD ပါတီဝင် ဆယ်ချီမှာလည်း ယခုရွေးကောက်ပွဲ ပါဝင်ယှဥ်ပြိုင်နေသည်။ သို့သော် တရားဝင်မှုမရှိကြောင်း အငြင်းပွားခံနေရသည့် NLD ဗဟိုအလုပ်ကော်မတီကမူ ထိုပါတီဝင်များကို ထုတ်ပယ်သည်ဟု ကြေညာထားသည်။
