နေမိုး
၂၅. ၁၂. ၂၀၂၅
မုဒိမ်းမှု၊ လူသတ်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲ ဆက်ကြေးကောက်မှုတွေနဲ့ နာမည်ပျက်လာတဲ့ PDF (ပသုံးလုံး) တွေ ရှေ့တန်းမှာ မသေစေဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ခရစ္စမတ်နေ့မှာ ဆုတောင်းစကားဆိုပါတယ်။
ပြည်ပမှာ အလှူခံပြီး စည်းစိမ်ခံရပ်တည်နေတဲ့ NUG အဖွဲ့ဝင်တွေအတွက် အဓိကဝင်ငွေရင်းမြစ်ကို ရှာပေးနေတဲ့ PDF တွေကို ဒူဝါလရှီးလက ခရစ္စမတ်ဆုတောင်းမှာ ထည့်သွင်းဆုတောင်းပေးခဲ့တာဖြစ်ပြီး ရှေ့တန်းစစ်မျက်နှာပြင်မှာ အေးစက်လွန်းတဲ့ ဆောင်းရဲ့ဒဏ်ကို အံတုနေတဲ့ PDF ရဲဘော်တွေနဲ့ EAOs လက်နက်ကိုင်တွေကို သတိရနေတယ်လို့လည်း လုံခြုံငြိမ်းချမ်းရာမှာရှိနေတဲ့ ဒူဝါလရှီးလက ပြောပါတယ်။
“ခရစ္စမတ်ကာလမှာ ဘုရားသခင်ရဲ့ကွယ်ကာမှုအောက်မှာ လူထုတော်လှန်ရေးရဲဘော်အပေါင်းတို့ အသက်ဘေးမှ ကင်းလွတ်ဖို့၊ အနာဒဏ်ရာတို့ ကင်းဝေးဖို့နဲ့ ဝမ်းမြောက်ခြင်းအားဖြင့် မိသားစုနဲ့ အမြန်ဆုံး ဆုံဆည်းနိုင်ဖို့လည်း မေတ္တာပို့တောင်းခံထားပါတယ်”လို့ ဒူဝါလရှီးလက ပြောပါတယ်။
ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ PDF တွေဘက်က လူသိခံခဲ့တဲ့ စာရင်းတွေအရ အနည်းဆုံး PDF တစ်သောင်းဝန်းကျင် သေဆုံးထားပြီး မထုတ်ပြန်ခဲ့ဘဲ ဖုံးကွယ်ထားတဲ့ သေစာရင်းနဲ့ပေါင်းမယ်ဆို PDF သေဆုံးမှုဟာ တရားဝင်စာရင်းထက် နှစ်ဆမက ပိုနိုင်တဲ့အပြင် EAOs တွေလည်း အများအပြားသေဆုံးခဲ့တာကြောင့် NUG, PDF နဲ့ EAOs တွေကလည်း ပေါ်တာဆွဲတာ၊ အဓမ္မစစ်မှုထမ်းစုတာနဲ့ စစ်မှုထမ်းအမိန့်ထုတ်တာတွေကို လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။
