၂၄.၁၂.၂၀၂၅
Written By Thandar
မင်းမဟာရုပ်ရှင်ထုတ်လုပ်ရေးရဲ့ Heavy Drama ဇာတ်လမ်းပုံစံ “မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“စာရေးဆရာ ဆောင်းလုလင်ရဲ့ယခင် ဝတ္ထုတိုမူရင်းဟာ အင်မတန် ပြည့်စုံပါတယ်။ ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ရာမှာ အရမ်းလည်း ကောင်းပါတယ်။လက်ခုပ်ထ,ထတီးကြတဲ့ အချိန်မှာ မျက်ရည်တောင်ဝဲပါတယ်။ တကယ့်တကယ်ကို အဓိကဇာတ်ဝင်ခန်းပီပြင်တဲ့အပေါ်မှာ အားပေးကြတဲ့ ပရိသတ်တွေကို အရမ်းကို ကျေးဇူးတင်ပါတယ်။ အစ်ကို့ဘဝမှာ အသက်ကလည်း ၄၉ နှစ် အနုပညာသက်တမ်း ၃၁ နှစ်မှာမှ ဒီလိုခံစားမှုမျိုးရခဲ့တာပါ။ အရမ်းတန်ဖိုးထားပါတယ်။ သဘာဝနဲ့ အနီးစပ်ဆုံး ပါဝင်သရုပ်ဆောင်ရိုက်ကူးထားကြပါတယ်။ ရုံတင်ပြသရင်လည်း အားပေးကြပါဦး”လို့ သရုပ်ဆောင် ညီနန္ဒက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဝတ္ထု၊ ဇာတ်လမ်း ဆောင်းလုလင်၊ ဇာတ်ညွှန်း ဖြိုးသဉ္ဇာကျော်၊ Art Director သားညီ၊ ဒါရိုက်တာ ပီကေက သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီများရှင် နေတိုး၊ နေမျိုးအောင်၊ ညီနန္ဒ၊ ဗီတာမင်၊ သံသာညီ၊ ဗွာဗွား၊ မေမီလင်း၊ ရဲလေးမ၊ ဧည့်သည်သရုပ်ဆောင် အေးဝတ်ရည်သောင်းတို့နဲ့ ရိုက်ကူးထားသလို အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
“မြစ်လက်တက်ပေမဲ့ရေစီးကကြမ်းတယ်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဒီဇင်ဘာ ၂၆ ရက်မှာ မြန်မာပြည်တွင်းရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာလည်း ဖြစ်ပါတယ်။
#NayToe #AyeThaung #NayMyoAung #ThantharNyi #NyiNanda #မြစ်လက်တက်ပေမဲ့ရေစီးကကြမ်းတယ် #MyanmarActor #MinMaharProduction







