၁၉.၁၂.၂၀၂၅
Written By Thandar
Mahar Original Series က ရိုက်ကူးထားတဲ့ လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းပုံစံ “အငြိုး”ဇာတ်လမ်းတွဲမှာ လောဘကြီးပြီး မေ မဟုတ်တဲ့ ဗန့်ကာရိုက်တာဇာတ်ကောင် မြင်တွေ့ရမှာမို့ ပရိသတ်တွေ မမုန်းကြဖို့ ကြိုပြောချင်တယ်လို့ အကယ်ဒမီ မေမြင့်မိုရ်က ဆိုပါတယ်။
“မေက ဆရာမသျှင်မရဲ့ ပန်းတို့ရဲ့ကာရန် ဝတ္ထုကို ပြန်ပြီးတော့ ပုံဖော်ရိုက်ကူးတဲ့ အငြိုးဆိုတဲ့ဇာတ်လမ်းတွဲမှာ မေက အငြိုးဆိုတဲ့ကောင်မလေးနေရာက ပါဝင်ထားပါတယ်။ ဒီကာရိုက်တာက မေ့အတွက် အရမ်းကို Challenge ဖြစ်တယ်။ မေရိုက်ခဲ့သမျှဇာတ်တွေက အငြိုးကာရိုက်တာ တော်တော်လေးကို ကွဲထွက်ပြီးတော့ ဒီကာရိုက်တာလုပ်ဖို့ အများကြီးစဉ်းစားလက်ခံခဲ့တာပါ။ ဒီကာရိုက်တာက အငြိုးကြီးသလို ဗန့်လည်း နည်းနည်း ဆန်တယ်။ ပြီးတော့ လိုချင်တာဆိုရင် မဖြစ်ဖြစ်အောင်လုပ်တယ်။ လောဘကြီးတဲ့ အငြိုးကြီးတဲ့ ကာရိုက်တာကို ပုံဖော်ထားတာပါ။ မေ ဇာတ်ဖတ်ပြီးချိန်မှာ အငြိုးကို တော်တော်လေးလည်း ကြောက်မိတယ်။ အကောင်းဆုံး အသေးစိတ်ကို ဒါရိုက်တာ ပြည့်ဖြိုးနိုင်နဲ့ တိုင်ပင်ပြီး မေတို့ ပုံဖော်ထားပါတယ်။ မေ့ရဲ့ ပထမဦးဆုံး Mahar နဲ့ လက်တွဲတဲ့ ဇာတ်လမ်းတွဲပါ။ ဒီကားက မေမြင့်မိုရ်မဟုတ်တဲ့ အငြိုးဇာတ်ကောင်နေရာက မြင်တွေ့ရမှာမို့ မမုန်းကြဖို့ ကြိုပြောထားချင်ပါတယ်”လို့ အကယ်ဒမီ မေမြင့်မိုရ်ကပြောပါတယ်။


အဆိုပါ ဇာတ်လမ်းတွဲကတော့ မေမြင့်မိုရ်ရဲ့ Comeback Series ဖြစ်ပြီး Mahar နဲ့ ပထမဆုံး လက်တွဲတာလည်းဖြစ်ပါတယ်။ အငြိုးဇာတ်လမ်းတွဲကို ဒါရိုက်တာပြည့်ဖြိုးနိုင်(PPN) က သရုပ်ဆောင် မင်းဘုန်းမြတ်၊ စိုင်းစည်တွမ်ခမ်း၊ အကယ်ဒမီ မေမြင့်မိုရ်၊ ဝေလာရီတို့နဲ့ ရိုက်ကူးထားပြီးတော့ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ Mahar Application က ထုတ်လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။
“အငြိုး”ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်တေးသီချင်းတွေကိုလည်း အနုပညာရှင်လေးယောက်ဖြစ်တဲ့ မင်းဘုန်းမြတ်၊ စိုင်းစည်တွမ်ခမ်း၊ မေမြင့်မိုရ်နဲ့ ဝေလာရီတို့က ပါဝင်သီဆိုထားကြပါတယ်။
#မေမြင့်မိုရ် #ဝေလာရီ #MayMyintMo #WaiLarRi #MinPhoneMyat #mahar #SaiSiTomKham #maharapplication #အငြိုး #မဟာနဲ့ဆိုဇိမ်ပဲ #MyanmarCele #အငြိုးဇာတ်လမ်းတွဲ


