၁၈.၁၂.၂၀၂၅
Written By Thandar
လူရွှင်တော်၊ သရုပ်ဆောင် ညောင်ညောင်(ခ) ဦးညီညီလှိုင် အသက် ၆၂ နှစ်ရဲ့ ကျန်ရစ်ခဲ့တဲ့ ရုပ်ကလာပ်ကို ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်ရှိ OSC ဆေးရုံကနေ ရေဝေးသုသာန်ရှိ အအေးခန်းကို ပို့ဆောင်ခဲ့ပါတယ်။
သူ့ရဲ့ရုပ်ကလာပ်ကို မြောက်ဥက္ကလာ OSC ဆေးရုံကနေ ရေဝေးသုသာန်အအေးခန်းဆီ နာရေးကူညီမှုအသင်း (ရန်ကုန်) က ရုပ်ရှင်သရုပ်ဆောင်ထွန်းကိုကိုနဲ့အတူ အသင်းသူ/သားတွေက ပို့ဆောင်ကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။
ညောင်ညောင်ရဲ့ နာရေးဈာပနကို မနက်ဖြန် ဒီဇင်ဘာ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီအချိန် ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်သွားမှာလည်း ဖြစ်ပါတယ်။
ညောင်ညောင်ဟာ ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်က OSC ဆေးရုံမှာ ပန်ကိရိယကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။
သူ့ဟာ မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သလို ဇာတ်ညွှန်းတချို့ရေးသားခဲ့ပြီး တွဲဖက်ဒါရိုက်တာ မောင်ညီအနေနဲ့လုပ်ဆောင်ခဲ့တဲ့အပြင် စကားနပန်း စီစဉ်တင်ဆက်သူ တစ်ယောက်အနေနဲ့ ပါဝင်လုပ်ဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ အနုပညာအသိုင်းအဝိုင်းကလည်း ညောင်ညောင်ကွယ်လွန်မှုအပေါ် ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်မိနေကြတယ်လို့ သိရပါတယ်။
#လူရွှင်တော် #သရုပ်ဆောင်ညောင်ညောင် #အသက်၆၂ #NyaungNyaung #MyanmarActor #MyanmarCele #RIP #MyanmarFunny







