၁၈.၁၂.၂၀၂၅
Written By Thandar
The Seven Entertainment က စီစဉ်တင်ဆက်တဲ့ နာမည်ကြီး အနုပညာရှင်တွေ ပါဝင်တဲ့ “ရွှေမြားရဲ့ နှစ်သစ်မင်္ဂလာအငြိမ့်”ကို လာမယ့် ဒီဇင်ဘာ ၃၀ ရက်နဲ့ ၃၁ ရက်တို့မှာ နှစ်ညတိုင်တိုင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကပြဖျော်သွားမယ်လို့ သိရပါတယ်။
“ကျွန်တော်ဖြစ်ချင်တဲ့ အိမ်မက်လေးကို ညီအစ်ကိုအရင်းလိုချစ်ရတဲ့ ညီကိုတွေနဲ့ အကောင်ထည်ဖော်ခဲ့ပါတယ်။ ချစ်ရတဲ့ ပရိသတ်များကို အကောင်းဆုံး ကြိုးစားတင်ဆက်သွားပါ့မယ်ခင်ဗျာ။ လာရောက်အားပေးကြပါဦး။ ဝိုင်းဝန်းပံ့ပိုးကူညီပေးကြတဲ့ တစ်ယောက်ချင်းဆီတိုင်းကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ”လို့ သရုပ်ဆောင် တိုင်ရွန်က ပြောပါတယ်။
အဆိုပါ အငြိမ့်မှာဒါရိုက်တာ ခင်လှိုင် (ဉာဏ်ကြီးရှင်)၊ လူရွင်တော်တွေအဖြစ် တိုင်ရွန်၊ ထူးအောင်၊ သိန်းလင်းစိုး၊ ဂျိုကာတို့ ပါဝင်မှာဖြစ်ပြီးတော့ မင်းသမီးတွေအနေနဲ့ အကယ်ဒမီ အေးမြတ်သူ၊ အေးမြဖြူနဲ့ ယမုံမြင့်မြတ်တို့က က,ပြဖျော်ဖြေကြမှာလည်း ဖြစ်ပါတယ်။
“နှစ်သစ်မင်္ဂလာအငြိမ့်”ကိုတော့ ဒီဇင်ဘာ ၃၀ ရက်နဲ့ ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီမှာ စတင်ပြီးတော့ ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ ကျင်းပသွားမှာပါ။
လက်မှတ်ဈေးနှုန်းအနေနဲ့ ကျပ် သုံးသောင်း၊ ကျပ် ငါးသောင်းနဲ့ ကျပ် ခုနစ်သောင်း သတ်မှတ်ထားတာလည်း ဖြစ်ပြီး ကြိုတင်လက်မှတ်တွေကို Hotline 09 880739537၊ 09 777706874 တို့က ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
