နေမိုး
၁၇. ၁၂.၂၀၂၅
NUG ဩဇာခံ အထူးတိုင်းစစ်ဌာန အမှတ် ၃၃ နည်းဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှူး မင်းသားကြီးနဲ့ ပလဖ ခေါင်းဆောင်အချို့ အပါအဝင် PDF ၅၀ ခန့်ကို KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၂ က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ဖမ်းဆီးမှုကို ဒီနေ့ နေ့လယ်ပိုင်းအချိန်က KNU တပ်မဟာ ၄ လက်အောက်ခံ သရက်ချောင်းမြို့နယ်အခြေစိုက်ပြီး ဖိုးသောကြာ/ထူးကပေါ် တို့ဦးစီးတဲ့ တပ်ရင်း ၁၂ က NUG ရဲ့ PDF ၅၀ ခန့်ကို လက်နက်ဖြုတ်သိမ်း ဖမ်းလိုက်တာပါ။



“သရက်ချောင်းမြို့နယ် KNU တပ်မဟာ (၄) တပ်ရင်း (၁၂) က ဖိုးသောကြာ/ထူးကပေါ် နဲ့ တာဝန်ရှိသူများခင်ဗျား – T5 ခေါင်းဆောင် တပ်ရင်းမှူး ကိုမင်းသားကြီး၊ ဗျူဟာ (၃၃) တပ်ရင်မှူး ကိုဘိတ် (ခ) စောဒါးကို အပါအဝင် ရဲဘော် (၄၀) ခန့်နှင့် ပလဖ ခေါင်းဆောင်အချို့ကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုပါတယ်။(သတ်ပုံမူရင်း)”လို့ PDF ထောက်ပို့ Ko Lay က လူမှုကွန်ရက်မှာ တောင်းဆိုထားပါတယ်။
မြဝတီကို KNU ဟာ နှစ်နစ်ကျော် ချုပ်ကိုင်ထားပေမယ့် ကျားဖြန့်တွေကို ဖမ်းဆီးနှိမ်နင်းခြင်းမရှိဘဲ တပ်မတော်က မြဝတီဒေသပြန်သိမ်းပြီး ကျားဖြန့်နှိမ်နင်းချိန်မှာ KNU ရဲ့ ကျားဖြန့်အကျိုးစီးပွားတွေ ပေါ်ပေါက်လာချိန် PDF တွေက KNU ကို အယုံအကြည်မရှိ စွန့်ခွာကုန်ကြသလို KNU ကလည်း မောတောမြို့သိမ်းချိန်မှာ LPDF တွေပဲ ခေါ်သုံးတဲ့အထိ တင်းမာကုန်ကြပြီးနောက်မှာ အခုလို KNU က PDF တွေကို လက်နက်ဖြုတ်သိမ်း ဖမ်းဆီးလိုက်ကြတာပါ။ လက်ရှိအချိန်မှာ NUG ဘက်က ပြန်လွှတ်ပေးဖို့ ညွှနှိုင်းနေပေမဲ့ KNU ဘက်ကတော့ ပြန်လွှတ်ပေးမှုမရှိသေးသလို တခြား PDF တွေ PDF ထောက်ပို့တွေပါ ထပ်ဖမ်းနေတယ်လို့ PDF တွေက လူမှုကွန်ရက်မှာ ရေးသားဖော်ထုတ်နေမှုတွေအရ သိရပါတယ်။
ပုံစာ။ KNU က လက်နက်ဖြုတ်သိမ်း ဖမ်းဆီးလိုက်သော မင်းသားကြီး၊ စောဒါးကိုတို့ ဖမ်းဆီးမခံရခင်ပုံရိပ် (Photo – Credit)
