◾ AA သိမ်းယူထားပြီး သာမန်ပြည်သူများ မနေထိုင်တော့သော ရခိုင်မြို့များကို နှစ်နစ်တာဗုံးကြဲမှုအတွင်း သေဆုံးသည်ဆိုသူ ၁၁၅၂ ဦးမှာ ကျောက်တော်မှတပ်ဆုတ်လာသော တပ်မတော်မိသားစုဝင် ၁၀၀၀ နီးပါးကို AA က တစ်ရက်တည်းနှင့် သတ်လိုက်သော ပမာဏခန့်သာရှိ
◾ AA ခေါင်းဆောင် ထွန်းမြတ်နိုင် ပြည်တွင်းပြန်ဝင်လာပြီးနောက် အခြေစိုက်စခန်းဖြစ်လာဖွယ်ရှိသည့် မြောက်ဦးမြို့မှ ဆေးရုံကို ဗုံးကြဲမှုအတွင်း AA ထောက်ခံဆက်နွှယ်သူ ၃၃ ဦးသေပြီး ၇၆ ဦး ဒဏ်ရာရမှုတွင်လည်း AA လက်နက်ကိုင်ဆေးဝန်ထမ်းများပါသည်ဟုလည်း ဝန်ခံလာ





နေမိုး
၁၂. ၁၂. ၂၀၂၅
၁၀၂၇ စစ်ဆင်ရေးနဲ့ ရခိုင်ကို AA စသိမ်းတဲ့နှစ်နစ်အတွင်း ရခိုင်မြို့ ၁၄ မြို့အထိ တိုက်ခိုက် သိမ်းပိုက်ထားသလို ဒီလို သိမ်းပိုက်ချိန် နိုင်ငံ့ဝန်ထမ်းနဲ့ ပြည်သူထောင်ပေါင်းများစွာ သေကြေဖမ်းဆီးခံခဲ့ရပေမဲ့လည်း ဒီလိုလုပ်ရပ်ကြောင့် တပ်မတော်က ပြန်လည်တိုက်ခိုက် ဗုံးကြဲရာမှာတော့ သေဆုံးသူက နှစ်နစ်အတွင်းမှ ၁၁၅၂ ဦးသာရှိတယ်လို့ AA က ဝန်ခံလာပါတယ်။
ဒီဝန်ခံချက်ကို ပြီးခဲ့တဲ့ ဇွန်လကတည်းက နှစ်ပေါင်းများစွာ ပြည်ပမှာနေနေတဲ့ AA ခေါင်းဆောင်ထွန်းမြတ်နိုင် ရခိုင်ကို ပြန်ဝင်လာပြီးနောက်မှာ AA ရဲ့ ဌာနချုပ်နဲ့ ဒဏ်ရာရ AA လက်နက်ကိုင်တွေကို အဓိက ကုသပေးနေတဲ့ မြောက်ဦးဆေးရုံကြီးကို လေကြောင်းတိုက်ခိုက်တာကြောင့် ၃၃ ဦးသေဆုံးတယ်လို့ AA က ဒီဇင်ဘာ ၁၁ ရက်ညက သတင်းထုတ်ပြန်ချိန်မှာ ထည့်သွင်းဖော်ပြလာတာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ AA ဘက်က တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုက နှစ်နစ်မှ ၁၁၅၂ ဦးပဲသေတယ်လို့ AA ထုတ်ပြလာချိန်မှာ တပ်မတော်ထောက်ခံသူတွေက ၂၀၂၄ ဖေဖော်ဝါရီ ၇ ရက်ကနေ ၁၅ ရက်အတွင်း ရခိုင်ပြည်နယ်မှာ AA လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောငါးစီးနစ်မြုပ်ခဲ့တဲ့ဖြစ်စဥ်နဲ့ ဒီဖြစ်စဥ်တွေအတွင်းမှာ ကျောက်တော်ကနေ တပ်ဆုတ်လာပြီး ကမ်းထိုးယာဥ်နဲ့ သယ်ဆောင်လာတဲ့ နိုင်ငံ့ ဝန်ထမ်းမိသားစုတွေ၊ ကလေးငယ်နဲ့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေကို AA သတ်ဖြတ်လိုက်တာကြောင့် တစ်ကြိမ်တည်းနဲ့ ၉၁၂ ဦးသေခဲ့တာကို ပြန်လည်ဖော်ပြလာပြီး တပ်မတော်ရဲ့ နှစ်နစ်စာ လေကြောင်းတိုက်ခိုက်မှုက AA ရဲ့ တစ်ရက်တာ သတ်ဖြတ်မှုလောက်ပဲ ရှိတယ်လို့ တုံ့ပြန်ဖော်ပြနေတာ တွေ့ရပါတယ်။


တပ်မတော်ဟာ AA ၊ MNDAA နဲ့ TNLA တို့ကို အကြမ်းဖက်ကြေညာပြီးချိန်ကစ လေကြောင်းတိုက်ခိုက်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ဒီလိုအကြမ်းဖက်ဘေးမနေဖို့ တရားဝင်ကြေညာချက်ကို တစ်နှစ်ကျော်ကြာ ထုတ်လွှင့်ပေးနေပြီး အမှန်တကယ်လည်း အကြမ်းဖက်တွေကို ထိထိရောက်ရောက်ချေမှုန်းနေတာကြောင့် သာမန်ပြည်သူတွေက စစ်ရှောင်သွားပြီး ရခိုင်မြို့အများစုမှာ လက်ရှိလည်ပတ်ရှင်သန်နေသူတွေဟာ AA လက်နက်ကိုင်တွေရဲ့ မိသားစုတွေနဲ့ သူတို့ထောက်ခံသူတွေပါ။
မြောက်ဦးဟာလည်း ထွန်းမြတ်နိုင် ရခိုင်ပြည်ပြန်လာပြီးနောက်ပိုင်းမှာ ဒုတိယအကြိမ် အပြင်းအထန်ဗုံးကြဲခံရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်ကလည်း AA လက်နက်ကိုင်တွေအခြေပြုစစ်တန်းလျားရှိရာ ဒိုင်းကျီရပ်ကွက်ကို ဗုံးကြဲလို့ ၁၂ ဦးသေပြီး ၂၀ ကျော် ဒဏ်ရာရခဲ့သေးသလို ဒီဇင်ဘာ ၁၀ ရက်ညက ဗုံးကြဲတိုက်ခိုက်တဲ့ မြောက်ဦးဆေးရုံကြီးဖြစ်စဥ်မှာလည်း ၃၃ ဦးသေဆုံးပြီး ၇၆ ဦး ဒဏ်ရာရရာမှာ AA လက်နက်ကိုင်ဆေးဝန်ထမ်းတွေပါဝင်တယ်လို့ AA က ဝန်ခံထားပါတယ်။



ပုံစာ။ ဝန်ထမ်းမိသားစုဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများကို AA က တစ်ရက်တည်းနှင့် လူ ၉၀၀ ကျော် သတ်ဖြတ်အပြီး အောင်ပွဲခံနေပုံကို ထုတ်ပြန်ခဲ့သော စစ်သင်္ဘောနစ်မြုပ်မှုပုံရိပ်များ၊ မြောက်ဦးဆေးရုံပုံရိပ်အချို့နှင့် AA ဝန်ခံချက်။
