၁၀. ၁၂. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တာ့ခ်မင်နစ္စတန်နိုင်ငံ၊ အက်ရှ်ဂါဘတ်မြို့သို့ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် တာ့ခ်မင်နစ္စတန်နိုင်ငံ အက်ရှ်ဂါဘတ်မြို့၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ် နိုင်ငံတကာဖိုရမ်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေမူဝါဒ နှစ် (၃၀) ပြည့်အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
