၁၀.၁၂.၂၀၂
Written by Nay Yaung Lin
ဧရာဝတီတိုင်းဒေသကြီးတွင် တောင်သူလယ်သမားများနှင့် ရေလုပ်သားများ ကြွေးမြီကင်းရှင်းရန် ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဒီဇင်ဘာ ၁၀ ရက် နံနက် ၉ နာရီခွဲအချိန် မြောင်းမြမြို့နယ်၌ ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။







လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ၂၀၂၅ ရွေးကောက်ပွဲ၌ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) PR တွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က “ကျွန်တော်တို့ ဧရာဝတီတိုင်းသားတွေက အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွေ၊ စပါးတွေ၊တောင်ယာတွေ စိုက်ပျိုးတာရှိတယ်။ ရေလုပ်ငန်းတွေ လုပ်တယ်။ အဓိက ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးတဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်တယ်။ ဒီလိုဖွံ့ဖြိုးတဲ့ တိုင်းဒေသကြီးမှာ အခုလက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားတွေ၊ ဖွံ့ဖြိုးမှုတွေနဲ့ ပိုမိုပြီးတော့ ကြွယ်ဝချမ်းသာလာအောင် ရှင်းရှင်းပြောရရင် တောင်သူလယ်သမားတွေ၊ ရေလုပ်သားတွေ ကြွေးမြီကင်းရှင်းအောင် ဆောင်ရွက်ပါမယ်လို့ ပြောချင်ပါတယ် ” ဟု တွေ့ဆုံပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။





အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ မြောင်းမြမြို့နယ်တွင်
ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်နှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး၊အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) PR တွင် ကျုံပျော်ခရိုင်၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်တို့ ပါဝင်ကြောင်း သိရသည်။
