၄.၁၂.၂၀၂၅
Written By Thandar
Mahar ရုပ်သံလိုင်းတွဲတွေကတစ်ဆင့် ပရိသတ်အားပေးမှုရရှိလာပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်းတွဲတွေပါ ပြန်လည်ရိုက်ကူးလာတဲ့ သရုပ်ဆောင် ဖူးစုံကတော့ “သုံးလွန်းတင်ပျို့” ဇာတ်လမ်းတွဲမှာ နှင်းဟေမာန်ဆိုတဲ့ ခပ်လှုပ်လှုပ် ကာရိုက်တာနဲ့ မြင်တွေ့ရမှာပါလို့ ဖွင့်ဟလာပါတယ်။
“သုံးလွန်းတင်ပျို့ ဇာတ်လမ်းတွဲမှာက ကျွန်မ နှင်းဟေမာန်ဆိုတဲ့ နေရာ ပါဝင်ရမှာပါရှင့်။ နှင်းဟေမာန် နေရာမှာက ကျွန်မနဲ့လိုက်ဖက်မှုရှိတယ်ဆိုပြီး ဒါရိုက်တာကိုယ်တိုင်ရော မဟာက တာဝန်ရှိသူတွေကို ကျေဇူးတင်ပါတယ်။ ကျွန်မရဲ့ ဇာတ်ကောင်နာမည်ကသာ နှင်းဟေမာန်ဆိုပေမယ့် ကာရိုက်တာ ခပ်လှုပ်လှုပ်နေရာက ပါဝင်ထားရတာပါ။ ကျွန်မက မိခင်မေတ္တာတရားကြီးမားပုံတွေ ပေးဆပ်တတ်တာတွေကို အဓိကပုံဖော်ရမယ့် နေရာလည်းဖြစ်တယ်။ ထူးခြားတဲ့ဇာတ်လေးပါ။ ဒါရိုက်တာကို ကြိုက်လို့ ဇာတ်ကိုလည်း ကြိုက်လို့ လက်ခံရိုက်ကူးဖြစ်ခဲ့တာပါ”လို့ သရုပ်ဆောင် ဖူးစုံက ပြောပါတယ်။
သူမကတော့ Mahar Application က လက်ရှိထုတ်လွှင့်နေတဲ့ သစ္စာဖြင့်သာ စီရင်စေ ဇာတ်လမ်းတွဲတွေမှာ တည်ငြိမ်သူ တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ ဖူးစုံကတော့ ဇာတ်လမ်းတွဲတွေအနေနဲ့ အတ္တလွန်၊ ရင်သွေး၊ လောင်စတာတွေ ရိုက်ကူးခဲ့သလို ရုပ်ရှင်ဇာတ်ကားကြီးတွေဖြစ်တဲ့ နေမဝင်ရွာ၊ နတ်ဝင်သည်၊ ရာသက်ပန် ငါ့ကောင်မလေး၊ ခ..ခရေကုံး မလေးပြုံးစတာတွေမှာ ပါဝင်ထားခဲ့သူလည်း ဖြစ်ပါတယ်။
ဖူးစုံက မနက်ဖြန် ဒီဇင်ဘာ ၅ရက်မှာ Mahar Application နဲ့ Mahar Channel တို့မှာ ထုတ်လွှင့်မယ့် “သုံးလွန်းတင်ပျို့” ဇာတ်လမ်းတွဲမှာတော့ ချမ်းမင်းရဲထွဋ်၊ ပိုးမမှီသာ၊ ဆုပန်ထွာ၊ မင်းအာကာ၊ မိုးပွင့်ဖြူ၊ ဇင်မျိုး၊ ခင်မို့မို့အေးနဲ့ အတူ ပါဝင်ထားပါတယ်။
#ဖူးစုံ #PhueSone #ChamMinYeHtut #PoeMamheThar #SupanHtwar #MinArkar #MoePwintPhyu #သုံးလွန်းတင်ပျို့ဇာတ်လမ်းတွဲ #MaharApplication





