၃.၁၂.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအုပ်စု၊ မြို့ရှောင်လမ်းတွင် ခြင်ဆေးခွေထွန်းရာမှ နေအိမ် နှစ်လုံးမီးလောင်မှု ဒီဇင်ဘာလ ၃ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ အလျား ၂၅ ပေ၊ အနံ ပေ ၂၀ သွပ်မိုး၊ကျောက်ပြားကာ အုတ်ညှပ် နှစ်ထပ်နေအိမ်အောက်ထပ်တွင် ခြင်ဆေးခွေထွန်းရာ အနီးရှိအဝတ်ပုံနှင့်စာအုပ်ပုံပေါ် မီးပွားကျသဖြင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

၂၅ မိနစ်ခန့်ကြာ လောင်ကျွမ်းခဲ့သောမီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့သော နှစ်ထပ်အိမ်တစ်လုံးနှင့် အလျား ၁၅ ပေ၊ အနံ ၄၅ ပေရှိ သွပ်မိုး၊ ထရံကာ မြေစိုက်တဲတစ်လုံး စုစုပေါင်း လူနေအိမ်နှစ်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် သုံးစီး၊ ရေသယ်ယာဥ် နှစ်စီးတို့ဖြင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အသက် ၆၉ နှစ်အရွယ် အဘွားအိုကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် မှော်ဘီမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
