၃.၁၂.၂၀၂၅
Written By Thandar
ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေးက အနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ မော်ဒယ်၊ Miss၊ အစီအစဉ်တင်ဆက်သူ စတဲ့ ကဏ္ဍအသီးသီးရဲ့ ပရိသတ်စိတ်ဝင်စားနေကြတဲ့ အနုပညာရှင် ၁၅ ဦးကို မိတ်ဆက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ရဲ့ ရွှေနဒီရွှေရည် ထုတ်လုပ်ရေးကနေ အနုပညာနဲ့ပတ်သက်ပြီးတော့ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ မော်ဒယ်၊ အလှမယ် စတဲ့ အနုပညာရှင် မိသားစုဝင်အနေနဲ့ ၃၅ ဦးကို ပရိသတ်များဆီ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဇာတ်ကားတွေကိုလည်း တချို့ရိုက်ကူးနေတာရှိသလို ဆက်လက်ရိုက်သွားမယ့် ကားတွေလည်း ရှိပါတယ်။ လက်ရှိမှာတော့ ပရိသတ်စိတ်ဝင်စားနေကြတဲ့ အနုပညာ ၁၅ ဦးအထိ မိတ်ဆက်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ အနုပညာရှင်တွေကို မကြာခင်ချပြသွားမှာပါ”လို့ ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေးက တာဝန်ရှိသူကပြောပါတယ်။
အဆိုပါ ဖော်ပြပြီးသား အနုပညာအသိုင်းအဝိုင်း နယ်ပယ်စုံကသူတွေက အဆိုတော် ဂျိုးလေး၊ အဆိုတော်သရုပ်ဆောင် အုပ်စိုးခန့်၊ မေဂရေ့စ်ပယ်ရီ၊ သဇင်နွယ်ဝင်း၊ သဲစုညိမ်း၊ ဝါဆိုမိုးဦး၊ လင်းလပြည့်ထက်၊ ထက်ထက်လင်းလက်၊ သင်းသဲဗိုလ်၊ ဆုအိမ့်စံ၊ ဇာတ်မင်းသား အောင်ဇမ္ဗူ၊ ဆုထက်၊ ဝေဖြိုး၊ ဆုလှိုင်၊ အမ်ဆိုင်းလုတို့ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၆ ခုနှစ်မှာ အဆိုပါ ၃၅ ဦးကို အဓိကထားပြီး တခြားသောအနုပညာရှင်တွေနဲ့ တွဲဖက်ရိုက်ကူးမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
“အောင်ဗမ္ဗူကတော့ ဇာတ်သဘင်မင်းသားအပြင် သူချစ်တဲ့ အနုပညာလှုပ်ရှားမှုဖြစ်တဲ့ သရုပ်ဆောင်ပိုင်းမှာလည်း မြင်တွေ့လာရတော့မှာပါ။ မကြာမီထွက်ရှိလာမယ့် ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ခေါင်းဆောင်မင်းသားနေရာအဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်”လို့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ပြောပါတယ်။
မင်းသမီး မေဂရေ့စ်ကတော့ “နှင်းဆီဆူး” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးထားပြီး မကြာမီ ပရိသတ်တွေ ရှေ့ရောက်ရှိလာမယ့်လို့ သိရပါတယ်။
#မေဂရေ့စ် #အောင်ဇမ္ဗူ #aungzabu #MayGrace #ThaeSuNyein #OakSoeKhant #JooLay #ThazinNweWin #ရွှေနဒီရွှေရည်ရုပ်ရှင်ထုတ်လုပ်ရေး













